ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
=====================================
(၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
===========================================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ

ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ် ကမ်းခြေတွင်

ဖြစ် ပေါ်နေသောမုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို စစ်တကောင်း မြို့အနီးမှ ဖြတ်ကျော်ဝင်

ရောက်ခဲ့ပြီး၊ ဖီနီမြို့အနီးတွင် လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)အဖြစ် အားလျော့သွားပြီ

ဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား အလွန်ကောင်း

နေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
===============================================

မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာ ကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ ။               (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။
ရေပြင်လေ။               တောင် (သို့) အနောက်တောင်၊ တစ်နာရီ ပင်လယ်မိုင် (၁၅- ၂၀)မိုင်၊ ရံဖန်ရံခါ မိုင်(၄၀)။
လှိုင်းအ‌ခြေအနေ။       လှိုင်းကြီးမည်။
လှိုင်းအမြင့်။             (၁၀)ပေမှ (၁၅)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
==============================================

မိုးလေဝသအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါသည်။
အမြင်တာ ။               (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။
ရေပြင်လေ။              တောင် (သို့) အနောက်တောင်၊ တစ်နာရီ ပင်လယ်မိုင် (၁၅ - ၂၀)မိုင်၊ ရံဖန်ရံခါ မိုင်(၄၀)။
လှိုင်းအ‌ခြေအနေ။      လှိုင်းကြီးမည်။
လှိုင်းအမြင့်။             (၁၀)ပေမှ (၁၅)ပေခန့်။