ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင် (တုံကင်ပင်လယ်ကွေ့)တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် ဟိုင်နန်ကျွန်းသို့ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး၊ တရုတ်နိုင်ငံ၊ နန်နင်းမြို့ (Nanning)၏ အရှေ့တောင်ဘက် မိုင်(၂၀၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။
ရေပြင်လေ။ အနောက်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀- ၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်မှ မိုင်(၄၀)။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၈)ပေမှ (၁၃)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။
ရေပြင်လေ။ တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀- ၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်မှ မိုင်(၄၀)။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၈)ပေမှ (၁၃)ပေခန့်။













