BAY BULLETIN

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်   
(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်တွင်

တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တွင် တိမ်

အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၉:၃၀)နာရီအချိန်

တိုင်းထွာချက်များအရ ထိုင်းနိုင်ငံကမ်းရိုးတန်းကို  ဖြတ်ကျော်ဝင်ရောက်

ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်”(Pabuk)သည် မြန်မာနိုင်ငံ၊

ကော့သောင်းမြို့ (Kawthaung) ၏အနောက်တောင်ဘက်(၆၅)မိုင်ခန့်၊

ကိုကိုးကျွန်းမြို့(Coco-Island)၏အရှေ့တောင်ဘက် မိုင်(၃၉၀)ခန့်၊

အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့ (Port Blair)၏ အရှေ့တောင်ဘက်

(၃၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

==================================================
မိုးလေဝသအ‌ခြေအနေ။   နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။                  (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။
ရေပြင်လေ။                   အရှေ့ (သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀)မိုင်၊ ရံဖန်ရံခါ မိုင်(၄၀)။
လှိုင်းအ‌ခြေအနေ။           လှိုင်းကြီးမည်။
လှိုင်းအမြင့်။                  (၈)ပေမှ (၁၀)ပေခန့်။
    
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

================================================
မိုးလေဝသအ‌ခြေအနေ။     တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
အမြင်တာ ။                   (၅)မိုင်။
ရေပြင်လေ။                   မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)။
လှိုင်းအ‌ခြေအနေ။            လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။                   (၄)ပေမှ (၆)ပေခန့်။