ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်   
(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep

Depression)သည် အနောက်မြောကဘက်သို့ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏

အနောက်တောင်ဘက် မိုင်(၁၃၀)ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyikyun)၏အနောက်တောင်ဘက် (၂၅၅)မိုင်

ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့ (Port Blair)၏ အနောက်မြောက်ဘက် (၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်

ကိုဗဟိုပြုနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်

ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူ

ထပ်နေပါသည်။


 
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်


မိုးလေဝသအ‌ခြေအနေ။   နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။                 (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။
ရေပြင်လေ။                 အရှေ့ (သို့)အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀)မိုင်၊ ရံဖန်ရံခါ မိုင်(၄၀)။
လှိုင်းအ‌ခြေအနေ။         လှိုင်းကြီးမည်။
လှိုင်းအမြင့်။                (၈)ပေမှ (၁၀)ပေခန့်။


    
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်


မိုးလေဝသအ‌ခြေအနေ။     နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။                  (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။
ရေပြင်လေ။                  မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)။
လှိုင်းအ‌ခြေအနေ။          လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။                 (၄)ပေမှ (၇)ပေခန့်။