BAY BULLETIN

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်   
(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်

တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်

ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ

သော မုန်တိုင်းငယ် (Depression)သည် လေဖိအားနည်းရပ်ဝန်း (Low Pressure

Area) အဖြစ် အားလျော့သွားပြီ ဖြစ်ပါ သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်

လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်

အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
 
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

=====================================================
မိုးလေဝသအ‌ခြေအနေ။   နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။                  (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။
ရေပြင်လေ။                   တောင်(သို့)အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)။
လှိုင်းအ‌ခြေအနေ။           လှိုင်းအသင့်အတင့် ရှိမည်။
လှိုင်းအမြင့်။                  (၄)ပေမှ (၇)ပေခန့်။
    
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

=====================================================
မိုးလေဝသအ‌ခြေအနေ။     နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ ။                    (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။                   မြောက်(သို့)အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင်(၁၅-၂၀)မိုင်၊ ရံဖန်ရံခါ မိုင်(၄၀)။
လှိုင်းအ‌ခြေအနေ။            လှိုင်းကြီးမည်။
လှိုင်းအမြင့်။                   (၈)ပေမှ (၁၀)ပေခန့်။