ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်   
(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

အီကွေတာအနီးအိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့

တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်

မြောက်ပိုင်းတွင် အများအားဖြင့်သာယာနေပြီး၊   ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်

တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်


မိုးလေဝသအ‌ခြေအနေ။   နေရာကွက်ကျား မိုးအနည်းငယ်ရွာမည်။
အမြင်တာ ။                 (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။
ရေပြင်လေ။                  အရှေ့(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအ‌ခြေအနေ။          လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။                 (၃)ပေမှ (၅)ပေခန့်။


    
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်


မိုးလေဝသအ‌ခြေအနေ။    အများအားဖြင့် သာယာမည်။
အမြင်တာ ။                 (၅)မိုင်။
ရေပြင်လေ။                မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအ‌ခြေအနေ။         လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။                 (၃)ပေမှ (၅)ပေခန့်။