BAY BULLETIN

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်   
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်

အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်

အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။


ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအ‌ခြေအနေ။     နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။
အမြင်တာ ။                  (၄)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။
ရေပြင်လေ။                   အရှေ့(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအ‌ခြေအနေ။           လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။                  (၃)ပေမှ (၅)ပေခန့်။
    
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအ‌ခြေအနေ။     အများအားဖြင့် သာယာမည်။
အမြင်တာ ။                 (၅)မိုင်။
ရေပြင်လေ။               မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအ‌ခြေအနေ။       လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။              (၃)ပေမှ (၅)ပေခန့်။