ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက်
(၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ခ ျက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်
မုတ်သုံလေအားနည်းနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ
အားကောင်းရာမှအားအလွန်နေပါသည်။
ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊နေရာကွက်၍ မိုးကြီးနိုင်ပါသည်၊
အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်မိုင်ဝက်ခန့်။
ရေပြင်လေ။ အနောက်(သို့)အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၁၅-၂၀)၊တစ်ခါတစ်ရံ (၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်၊(၁)မိုင်ခန့်။
ရေပြင်လေ။ တောင်(သို့)အရှေ့တောင်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)၊တစ်ခါတစ်ရံ မိုင်(၂၅)။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့် ရှိမည်။













