ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်  

(၂၀၁၉ ခုနှစ်၊ မေလ (၂၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့

တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်

တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။   နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။                  (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။                  အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ (၂၅) မိုင်

လှိုင်းအ‌ခြေအနေ။           လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                  (၄)ပေမှ (၆)ပေခန့်။                                   

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။                   (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။                  အနောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ (၂၅) မိုင်

လှိုင်းအ‌ခြေအနေ။           လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                   (၄)ပေမှ (၆)ပေခန့်။