မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၂၀/၂၀၂၀)

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၂၀/၂၀၂၀)

 (၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၅ရက်)

   (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

          “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ရမ်မန်သာပူရမ် (Ramana-thapuram)ခရိုင်အနီးကမ်းခြေတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ် (Depression)သည်သိသိသာသာရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေပါသည်။ အဆိုပါမုန်တိုင်းငယ် (Depression)သည် နောက်(၁၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။”