Sea Route Forecast

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်   
(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်

များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင်‌့ ယင်းနှင်‌့ဆက်စပ်လျက်ရှိသော ဘင်္ဂလား

ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသာ ဆိုင်ကလုန်းမုန်တိုင်း “နာဒါ” (Nada) သည်

အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း

သို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် (၂၂၅)မိုင်ခန့်၊ ပဒူချယ်ရီမြို့၏

အရှေ့-အရှေ့တောင်ဘက် မိုင်(၂၁၀)ခန့် နှင့် သီရီလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့၏ အရှေ့မြောက်

ဘက် (၁၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည်

အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်

အနောက်တောင်ပိုင်းနှင်‌့ အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊

ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်‌တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်


မိုးလေဝသအ‌ခြေအနေ။    နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။
အမြင်တာ ။        (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။        ‌‌အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)။
လှိုင်းအ‌ခြေအနေ။    လှိုင်းအသင့်အတင့် ရှိမည်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်


မိုးလေဝသအ‌ခြေအနေ။  တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
အမြင်တာ ။  (၅)မိုင်။
ရေပြင်လေ။  မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအ‌ခြေအနေ။  လှိုင်းအသင့်အတင့် ရှိမည်။