ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
(၂၀၁၇ ခုနှစ်၊ မေလ (၃၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်ေ
မြောက်ပိုင်းတွင် ဖြစ်ပေါ် နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Severe Cyclonic
Storm- Mora)သည် ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊ ဘင်္ဂလားဒေရှ့်နိုင်ငံကမ်းခြေကို
စစ်တကောင်းမြို့နှင့် ကော့ဘဇာမြို့ကြားမှ စတင်ဖြတ်ကျော် ဝင်ရောက်လျက် ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်၊
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ် ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအ
လွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ (၄၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅- ၂၀)မိုင်၊ တစ်ခါတစ်ရံ (၅၅-၆၀)မိုင် ။
လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။













