ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။     နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။   

အမြင်တာ။                     (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့် ။

ရေပြင်လေ။                    အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၅ - ၂၀)မိုင်တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်အထိ။

လှိုင်းအ‌ခြေအနေ။             လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                    (၇)ပေမှ (၉)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။     တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

အမြင်တာ။                     (၅)မိုင်ခန့်။

ရေပြင်လေ။                    မြောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။

လှိုင်းအ‌ခြေအနေ။             လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                    (၇)ပေမှ (၉)ပေခန့်။