အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၀/၂၀၂၆)

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၀/၂၀၂၆)

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်

 

၁။      ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတို့ကို ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)နှင့် ဂိုလ်ပါပူမြို့(Gopalpur) တို့အကြား ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam) ၏ အနောက်တောင်ဘက်အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများသို့  ဆက်လက်ဖြတ်ကျော်လျက်ရှိကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ 

၂။       ယခုသတင်းသည် အားကောင်းသောမုန်တိုင်းငယ်အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံး သတင်း ဖြစ်ပါသည်။