Earthquake News

မြေငလျင်သတင်း

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၀၂)မိနစ်၊ (၂၉)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ  အနောက်တောင်ဘက် (၆၀၇)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်ပ (Bay of Bengal), မြောက်လတ္တီတွဒ် ၁၄.၆၉ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၈၅.၇၀ ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့် အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။