အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၀)  (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ  ၂၃  ရက်)(မြန်မာစံတော်ချိန်(၂၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ  ၂၃  ရက်)        

              (မြန်မာစံတော်ချိန်(၂၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

   (က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန်(၂၂:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည်  ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီ (Puducherry) မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၂၄၀) မိုင်ခန့်နှင့် ချင်းနိုင် (Chenn‌ai)မြို့ ၏ အရှေ့တောင်ဘက် ရေမိုင် (၂၆၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ သည်။

(၂)      အားကောင်းသောမုန်တိုင်းငယ်( Deep Depression)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

                   အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် မြန်မာ စံတော်ချိန် (၂၂:၀၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၉.၉)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၃.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၉) ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅) မိုင်နှုန်းဖြစ်ပါသည်။

(ဂ) နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

                   အဆိုပါ အားကောင်းသော မုန်တိုင်းငယ်( Deep Depression)သည် နောက် (၁၂) နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ နောက် (၂၄) နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe  Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ အနောက်မြောက် ဘက်သို့ ရွေ့လျားကာ၊ နိုဝင်ဘာ(၂၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး (Tamil Nadu) ကမ်းခြေနှင့် ပူဒူချယ်ရီ(Puducherry)ကမ်းခြေအနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။