Earthquake News

မြေငလျင်သတင်း

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ(၃၂)မိနစ်(၀၆)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင်(၂၉၀) ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်ပ (Yunnan, China)၊ မြောက်လတ္တီတွဒ် (၂၈.၁၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၀၁.၁၇)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါ သည်။