ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

 (၂၀၂၅ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန်တိုင်းထွာချက်များအရ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးပြည်နယ်ကမ်းရိုးတန်းဒေသများကို ဖြတ်ကျော်ခဲ့သော အားကောင်းသော အပူပိုင်းမုန်တိုင်း“မတ်မို”သည် အနောက်- အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး အပူပိုင်းမုန်တိုင်း“မတ်မို”အဖြစ်သို့ အားလျော့သွားခဲ့ကာ ကွမ်ရှီးပြည်နယ်ကုန်းတွင်း ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။  အဆိုပါ အပူပိုင်းမုန်တိုင်း“မတ်မို”သည် အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၁၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်သည်ဟု ခန့်မှန်း ရပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။              နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

အမြင်တာ။                         ၄ မိုင်၊ မိုးရွာစဉ်  ၁ မိုင်ခန့်။

ရေပြင်လေ။                         အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။

 လှိုင်းအ‌ခြေအနေ။                            လှိုင်းအသင့်အတင့်ရှိမည်။  

လှိုင်းအမြင့်။                      ၆ ပေမှ ၈ ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။                  နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ။                         ၄ မိုင်၊ မိုးရွာစဉ်  ၁ မိုင်ခန့်။

ရေပြင်လေ။                         တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။

 လှိုင်းအ‌ခြေအနေ။                   လှိုင်းအသင့်အတင့်ရှိမည်။ 

လှိုင်းအမြင့်။                      ၆ ပေမှ ၈ ပေခန့်။