Earthquake News

မြေငလျင်သတင်း

မြန်မာစံတော်ချိန် (၁၅း၁၅    )နာရီထုတ်ပြန်ချက်

၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ မြန်မာစံတော်ချိန် (၁၄)နာရီ (၄၂)မိနစ် (၁၅)စက္ကန့် အချိန်တွင်  ဟားခါးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၁၁)မိုင် ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ထန်တလန်မြို့၏ အရှေ မြောက်ဘက် (၁၀) မိုင် ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၂.၇၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၅၅) ဒီဂရီ၊ အနက် (၂၂) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး(၄.၁)အဆင့်ရှိ အင်းအားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။