daily weather forecast

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီးစစ်ကိုင်း

တိုင်းဒေသကြီး‌အထက်ပိုင်း၊ကချင်ပြည်နယ်ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်ချင်းပြည်နယ်တို့တွင်နေ

ရာအနှံ့အပြား၊၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်ကရင်ပြည်

နယ်တို့တွင်နေရာစိပ်စိပ်၊မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်မွန်ပြည်နယ်

တို့တွင်နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင်‌့ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်

ချုန်းရွာခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာဟုမ္မ္မလင်းမြို့တွင်(၁.၅၈)လက်မ၊ပေါင်မြို့

တွင်(၁.၀၆)လက်မ၊ကော့သောင်းမြို့တွင်(ဝ.၈၇)လက်မမိုးမိတ်မြို့တွင်(ဝ.၅၁)လက်မ

တို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်တောင်

ပိုင်းတို့တွင်မုတ်သုံလေအားအသင့်အတင့်ရှိနေပြီးကျန်ဘင်္ဂလားပင်လယ်အော်တွင်

မုတ်သုံလေအားနည်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင်‌့တနင်္သာရီတိုင်းဒေ

သကြီးကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်ချင်းပြည်နယ်တို့တွင်နေရာအနှံ့အပြား

၊ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)နှင့်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာ

စိပ်စိပ်နှင့်နေပြည်တော်နှင်မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲနှင့်ကျန်တိုင်းဒေ

သကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရခိုင်ကမ်းရိုးတမ်းဒေသများမိုးဆက်

လက်လျော့နည်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၁၀၀) ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။