Top Announcement

၂၇-၇-၂၀၂၆: ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ(အနောက်ဘင်္ဂလားပြည်နယ် - ဩရိဿပြည်နယ်မြောက်ပိုင်း) ကမ်းခြေတို့တွင်‌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe) ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဘလာဆောမြို့ (Balasore)၏ အရှေ့ဘက် ရေမိုင် ၆၅ မိုင်ခန့်နှင့် ကန်နင်းမြို့(Canning) ၏ တောင် - အနောက်တောင်ဘက် ရေမိုင် ၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။