မြစ်ရေကြီးခြင်းသတိပေးချက်

ရေကြီးခြင်းသတိပေးချက် 

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ နန့်ကောင်းချောင်းရေသည် မိုးကောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ ချောင်းရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍  မိုးကောင်းမြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေ ဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် ချောင်းရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုး ဆော်အပ်ပါသည်။