၂၂-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ(တမီးလ်နာဒူးကမ်းခြေ)၊ သီရိလင်္ကာ နိုင်ငံမြောက်ပိုင်းနှင့် မန်နာပင်လယ်ကွေ့တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ကိုမိုရင်းဧရိယာ(အိန္ဒိယနိုင်ငံတောင်ပိုင်းစွန်း- ကိုမိုရင်းအငူ)နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ (တမီးလ်နာဒူးတောင်ပိုင်းကမ်းခြေ)နှင့် ကာရာလမ်တို့သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၅၂)မိနစ်၊ (၀၆)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၅၂) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (India- Myanmar Border Region) မြောက်လတ္တီတွဒ် (၂၇.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၉) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၀၅)မိနစ်၊ (၃၅)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၇၄) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းတုံမြို့၏ အနောက်တောင်ဘက် (၃၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၀၄)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၈.၄၆) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၄၃)မိနစ်၊ (၀၀)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် (၂၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြိ့ု၏ မြောက်-အရှေ့မြောက်ဘက် (၂၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၉၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၁) ဒီဂရီ၊ အနက် (၆၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၀၈)မိနစ်၊ (၁၀)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၂)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟိုပင်မြိ့ု ၏ အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၀၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၆) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













