၂၄-၈-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် - ဩရိဿပြည်နယ်မြောက်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့သို့ ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလား ပြည်နယ်တို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်း
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၁၆)မိနစ်၊ (၁၃)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၉၆) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Sichuan, China) မြောက်လတ္တီတွဒ် (၂၈.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၀၄.၈၄) ဒီဂရီ၊ အနက်(၄၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၁၇)မိနစ်၊ (၅၇)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ တောင်-အနောက်တောင်ဘက် (၁၀)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၈) ဒီဂရီ၊ အနက် (၆၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၀၂)မိနစ်၊ (၅၆)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၂၉၉) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Xizang, China) မြောက်လတ္တီတွဒ် (၂၉.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၆၅) ဒီဂရီ၊ အနက်(၃၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၁၄)မိနစ်၊ (၅၀)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ အနောက်မြောက်ဘက် (၁၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၃၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၂) ဒီဂရီ၊ အနက် (၂၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၅၁)မိနစ်၊ (၅၂)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့ဘက် (၃၃)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အနောက်တောင်ဘက် (၂၈)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၆၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၂) ဒီဂရီ၊ အနက် (၉၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၀၃)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၃၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အနောက်မြောက်ဘက် (၂၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၇၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၈) ဒီဂရီ၊ အနက် (၁၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
EARTHQUAKE NEWS
(Issued at 11:00 hour M.S.T.)
A slight earthquake of magnitude (3.8) Richter Scale with its epicenter inside Myanmar (about (16) miles southwest of Mawlaik), latitude 23.50°N, longitude 94.22°E, focal depth (56)kilometers about (50) miles south of Tamu seismological observatory was recorded at (10)hr (27)min (37)sec M.S.T on 29th November, 2018.
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၄၇)မိနစ်၊ (၁၁)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၂၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပူတာအိုမြို့၏ အနောက်ဘက် (၃၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၇.၂၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၈၅) ဒီဂရီ၊ အနက် (၄၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၆) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၄၂)မိနစ်၊ (၃၃)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၃၃)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ မြောက်- အရှေ့မြောက်ဘက် (၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၃၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၃) ဒီဂရီ၊ အနက် (၁၀၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













