၂၄-၈-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် - ဩရိဿပြည်နယ်မြောက်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့သို့ ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလား ပြည်နယ်တို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၀၁)မိနစ်၊ (၃၄)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၁၉၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Yunnan, China) မြောက်လတ္တီတွဒ် (၂၃.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၀၁.၅၇) ဒီဂရီ၊ အနက်(၂၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၅)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၀၂)မိနစ်၊ (၁၃)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်ဘက် (၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တောင်တွင်းကြီးမြိ့ု၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၉) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၄၉)မိနစ်၊ (၄၆)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၇၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြိ့ု၏ အရှေ့တောင်ဘက် (၂၇)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၇၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၃) ဒီဂရီ၊ အနက်(၁၄၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
မြန်မာစံတော်ချိန် (၁၁း၃၀)နာရီထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၅၅)မိနစ်၊ (၃၁) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ အနောက်မြောက်ဘက်(၁၂)မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၄.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၁) ဒီဂရီ၊ အနက်(၇၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၁၉)မိနစ်၊ (၂၇)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင်(၅၃၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၀.၅၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၁.၆၀) ဒီဂရီ၊ အနက်(၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၆)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၄၉)မိနစ်၊ (၄၀)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင်(၆၃၂၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Fiji Islands Region) တောင်လတ္တီတွဒ် (၁၈.၁၀၀) ဒီဂရီ၊ အနောက်လောင်ဂျီတွဒ် (၁၇၈.၀၀၀) ဒီဂရီ၊ အနက်(၅၇၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၈.ဝ)အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၃၃)မိနစ်၊ (၅၀)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ ရှေ့မြောက်ဘက် (၄၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြိ့ု၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၇၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၈) ဒီဂရီ၊ အနက်(၅၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
မြန်မာစံတော်ချိန် (၁၈း၅၀)နာရီထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၂၅)မိနစ်၊ (၁၉)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြိုံ့ တောင်-အနောက်တောင်ဘက် (၂၀)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၀၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၉) ဒီဂရီ၊ အနက်(၉၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၂၀)မိနစ်၊ (၁၀)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၅၆)မိုင်ခန့် ကွာဝေးသော (Near South Coast of Myanmar) မြောက်လတ္တီတွဒ် ၁၆.၀၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၂၆ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။













