၂၄-၈-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် - ဩရိဿပြည်နယ်မြောက်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့သို့ ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလား ပြည်နယ်တို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၃၃)မိနစ်၊ (၂၈)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၈၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြိ့ု၏ မြောက်-အရှေ့မြောက်ဘက် (၂၉)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၅.၃၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၀၂ ဒီဂရီ၊ အနက်(၆၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၁၃)မိနစ်၊ (၂၇)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၁၀၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြိ့ု၏ အနောက်တောင်ဘက် (၁၉)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၈.၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၈ ဒီဂရီ၊ အနက်(၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန်၁၈း၁၅ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၅၃)မိနစ် (၀၀)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖောင်းပြင်မြို့၏ အရှေ့မြောက်ဘက်(၃၅)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၄.၇၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၀၇ ဒီဂရီ၊ အနက် (၁၀၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား သွားကြောင်း တိုင်းထွာ ရရှိခဲ့ပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၂း၄၅ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၂)နာရီ (၂၂)မိနစ် (၂၀)စက္ကန့် အချိန်တွင် မန္တလေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၂၅)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အနောက်တောင်ဘက် (၃၈)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၀း၄၅ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့ မြန်မာစံတော်ချိန် (၀၀)နာရီ (၁၉)မိနစ် (၅၂)စက္ကန့် အချိန်တွင် ကမ္ဘာအေးငလျင်စခန်းမှ မြောက်ဘက် (၁၁၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၆)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၅.ဝ)အဆင့်ရှိ အင်အားအသင်းအတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၂း၄၅ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်နေ့ မြန်မာစံတော်ချိန် (၂၂)နာရီ (၁၈)မိနစ် (၁၄)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက်(၃၉၀)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်ပ (Andaman-Islands, India Region) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၉)အဆင့် ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းတိုင်း ထွာရရှိခဲ့ပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၆း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်နေ့ မြန်မာစံတော်ချိန် (၀၅)နာရီ (၅၉)မိနစ် (၄၉)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက်(၁၀၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည် တွင်း (ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် (၂၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းတိုင်း ထွာရရှိခဲ့ပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၀း၄၅ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၂၁)မိနစ် (၂၅)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက်(၁၀၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည် တွင်း (ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၆) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းတိုင်း ထွာရရှိခဲ့ပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၅း၁၅ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၁၄)နာရီ (၄၉)မိနစ် (၅၂)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင်(၁၃)ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ထန်းတပင်မြို့၏ အရှေ့တောင်ဘက် (၂) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါ သည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၂း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့ မြန်မာစံတော်ချိန် (၂၁)နာရီ (၅၃)မိနစ် (၅၆)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက်မိုင်(၁၀၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြိ့ု၏ အနောက်တောင်ဘက် (၂၁) မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အား နည်ငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။













