၂၄-၈-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် - ဩရိဿပြည်နယ်မြောက်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့သို့ ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလား ပြည်နယ်တို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မိုး/ ဇလဌာန သတင်း
အရှေ့အာရှအက်ဆစ်ဖြစ်ထွန်းမှုစောင့်ကြည့်ရေးကွန်ရက်(EANET)နှင့် ပူးပေါင်းကျင်းပသည့် အမျိုးသား အဆင့် လေထုညစ်ညမ်းမှုနှင့် အက်ဆစ်ဖြစ်ထွန်းမှုဆိုင်ရာ လူထုအသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကို နေပြည်တော်ရှိ မြတ်တော်ဝင် ဟိုတယ်တွင် (၁၃-၆-၂၀၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း
Download
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ဒေသဆိုင်ရာ ဘက်စုံသဘာဝဘေးကြိုတင်သတိပေးစနစ် ဗဟိုဌာန (RIMES)တို့ပူးပေါင်း၍ UNESCAP ၏အထောက်အပံဖြင့်..
ဆက်လက်ဖတ်ရှုရန်
ကုလသမဂ္ဂပတ်ဝန်းကျင် ထိန်းသိမ်းရေ အစီအစဉ်အရ အရှေ့အာရှ အက်ဆစ် ဖြစ်ထွန်းမှု ကွန်ရက်အဖွဲ့ဝင်နိုင်ငံများ၏ (၁၄) ကြိမ်မြောက် အစိုးရအချင်းချင်းဆိုင်ရာ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို..
ဆက်လက်ဖတ်ရှုရန်
အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှုကွန်ယက် (EANET) အဖွဲ့ဝင်နိုင်ငံများ၏ သိပ္ပံအကြံပြု အစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်မှ(၂၄) ရက်နေ့ထိ ရန်ကုန်မြို့ Hotel Yangon တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင်...
ဆက်လက်ဖတ်ရှုရန်













