၃၀-၁၀-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော နီကိုးဘားကျွန်းတို့တွင် အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့လည်းကောင်း၊ ၃၁-၁၀-၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းတို့တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ ၂-၁၁-၂၀၂၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပါသည်။
မိုး/ ဇလဌာန သတင်း
(၂၄) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် (Video Conferencing)
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
“အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်လေ့လာရေးကွန်ရက်(EANET) ၏
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ - ၂ လစ်လပ်ရာထူး (၅) နေရာအတွက် ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့် ရရှိသူများအတွက
“Modernization of the Forecasting and Warning System for Natural Disaster in Myanmar” စီမံကိန်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၈/၂၀၁၉)
(၂၃) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်
“(၂၇) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသတွင်း ဉီးဆောင်ကော်မတီအဖွဲ့၏ နိုင်ငံတကာဇလဗေဒဆိုင်ရာ အစည်းအဝေး”













