၃၀-၁၀-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော နီကိုးဘားကျွန်းတို့တွင် အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့လည်းကောင်း၊ ၃၁-၁၀-၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းတို့တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ ၂-၁၁-၂၀၂၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပါသည်။
မိုး/ ဇလဌာန သတင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊
(၂၆) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် (Online Video Conferencing)
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊
၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ် မဲခေါင်−လန်ချန်း အထူးရန်ပုံငွေ(၂၀၂၀)ဖြင့်
ကိရိယာများ ဝယ်ယူတပ်ဆင်ရန်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီစာရင်းထုတ်ပြန်ခြင်း
Click here to download
"တင်ဒါစေ◌ျးနှုန်း ဖွင့်ဖောက်စိစစ်ခြ်း" အစည်းအဝေးဖိတ်ကြားခြင်း
Click Here to Download
မိုးလွန်ကာလ မုတ်သုံဖိုရမ် (တနင်္သာရီတိုင်းဒေသကြီး)













