DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

14-9-2025: According to the observations at 05:30 hrs MST today, the low pressure area over the Westcentral and adjoining Northwest Bay of Bengal (North Andhra Pradesh - South Odisha coasts, India) have reached in the North Andhra Pradesh and adjoining South Odisha coasts, India. Monsoon is weak to moderate over the Andaman Sea and Bay of Bengal.

Agro-Meteorology

စိုက်ပျိုးရေးမိုးလေဝသဌာနစိတ် စတင်တည်ထောင်ခြင်း

၁။ စိုက်ပျိုးရေးမိုးလေဝသ ဌာနစိတ်ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွင် ၁၉၇၀ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့၌ စတင်တည်ထောင်ခဲ့ပါသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လိုအပ်သော အထောက်အကူများ၊ မိုးလေဝသအချက်အလက်များ ကူညီပံ့ပိုးပေးရန် ဖြစ်ပါသည်။ စိုက်ပျိုးရေးမိုးလေဝသ စခန်းများကို စိုက်ပျိုးရေးဌာနတွင် ဖွင့်လှစ်ပေးခဲ့ပါသည်။ ၁၉၇၀ မှ ၁၉၈၂ခုနှစ်အတွင်း စိုက်ပျိုးရေးမိုးလေဝသစခန်း (၆)စခန်းကို စိုက်ပျိုုးရေးခြံများတွင် ဖွင့်လှစ်ပေးလျက် စိုက်ပျိုးရေးအတွက် လိုအပ်သော မှတ်တမ်းအချက်အလက်များ ပံ့ပိုးပေးလျက် ရှိပါသည်။

၂။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် အထောက်အပံ့များ အရ (၄-၉-၈၀) မှ (၃-၁၀-၈၀) ရက်နေ့အထိ WMO Consultant Mission လာရောက်ကာ Bur/80/016 Development of Meteorological Services to Agriculture in Burma စီမံချက်ကို ချမှတ်ပေးခဲ့ရာ ၁၉၈၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ စိုက်ပျိုးရေး မိုးလေဝသဌာနစိတ်မှ၊ စိုက်ပျိုးရေးမိုးလေဝသဌာနခွဲအဖြစ် စတင်တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။

 

စိုက်ပျိုးရေးမိုးလေဝသဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ

၃။ မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ စိုက်ပျိုးရေးမိုးလေဝသဌာနခွဲသည် နိုင်ငံအတွင်း စိုက်ပျိုးရေးမိုးလေဝသစခန်း(၁၇)ခု ဖွင့်လှစ်ထားရှိလျက် စိုက်ပျိုးရေး မိုးလေဝသ ဆိုင်ရာ အချက်အလက် တိုင်းတာချက်များကို ရယူခြင်း၊ စိစစ်ခြင်း၊ သုတေသနပြုခြင်းတို့ကို ဆောင်ရွက်ရပါသည်။ အဆိုပါဌာနခွဲမှ လစဉ် စိုက်ပျိုးရေးမိုးလေဝသစာစောင်ကို ၁၉၉၃ ခုနှစ် ဇွန်လမှစတင်၍ တစ်လလျှင်(၃)ကြိမ် (၁၀ ရက်လျှင်တစ်ကြိမ်) ပြုစုထုတ်ဝေခြင်းကို ဆောင်ရွက်လျက် ရှိပါသည်။

 

၄။ စိုက်ပျိုးရေး စီမံကိန်းများတွင် လိုအပ်နေသော စိုက်ပျိုးသီးနံှ အမျိုးအစား ‌ရွေးချယ်မှု၊ စိုက်ပျိုးသီးနံှ သက်တမ်းရွေးချယ်မှု၊ စိုက်ချိန် ပျိုးချိန် နှုတ်ချိန် သတ်မှတ်မှု သီးနှံရာသီ ဥတု ပြက္ခဒိန် (Crop Weather Calendar) ရေးဆွဲမှု၊ သီးနံှပိုးမွှားကျရောက်မှု ဘေးမှကာကွယ်မှု၊ ဆည်ရေ ပေးဝေရေး ဆိုင်ရာစီမံကိန်းများ ချမှတ်နိုင်မှုစသည်တို့အတွက် လိုအပ်သော မိုးလေဝသ နှင့်ဇလဗေဒ၊ စိုက်ပျိုးရေး မိုးလေဝသဆိုင်ရာ ရာသီဥတု အချက်အလက်များကို ပံ့ပိုးပေးလျက်ရှိပါသည်။

 

စိုက်ပျိုးရေးမိုးလေဝသစခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ

၅။ မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ စိုက်ပျိုးရေးမိုးလေဝသဆိုင်ရာ တိုင်းတာရေးစခန်း/ရုံးများ ဖွင့်လှစ်ထားရှိမှု အခြေအနေ မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

  • စိုက်ပျိုးရေးမိုးလေဝသစခန်း (၁၇)စခန်း

 

စိုက်ပျိုးရေးမိုးလေဝသဆိုင်ရာ တိုင်းတာသည့်အချက်အလက်များ

၆။ တိုင်းတာရေးစခန်းများအလိုက် တိုင်းတာသည့် တိုင်းထွာချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

(၁) မိုးရေချိန် တစ်နေ့ (၁)ကြိမ်

(၂) ရေငွေ့ပံျနှုန်း တစ်နေ့ (၁)ကြိမ်

(၃) အပူချိန်(အမြင့်ဆုံး/အနိမ့်ဆုံး) တစ်နေ့ (၁)ကြိမ်

(၄) လေတိုက်နှုန်း တစ်နေ့ (၅)ကြိမ်

(၅) လေတိုက်ရာအရပ် တစ်နေ့ (၅)ကြိမ်

(၆) မြေဆီလွှာအပူချိန် တစ်နေ့ (၂)ကြိမ်

(၇) နေပူချိန် တစ်နေ့ (၁)ကြိမ်