21-3-2026 Weather is a few cloud over the Andaman Sea,  Westcentral Bay and South Bay of Bengal and partly cloudy to cloudy  over the North Andaman Sea and elsewhere over the Bay of Bengal.

Multi-Hazard Early Warning Center

မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေငလျင်တုန်လှုပ်ခြင်း၊ မုန်တိုင်းဒီရေဝင်ရောက်ခြင်း၊ ဆူနာမီလှိုင်း ဝင်ရောက်ခြင်း စသည့် သဘာဝဘေးများအတွက် ကြိုတင်သတိပေးခန့်မှန်းချက် များကို အချိန်မီထုတ်ပြန် ပေးနိုင်ရန်အတွက် ဘက်စုံ သဘာဝဘေးကြိုတင်သတိပေးဗဟိုဌာနကို နေပြည်တော်တွင် ထူထောင် ထားရှိပါသည်။ အဆိုပါ ဗဟိုဌာနတွင် တာဝန်ကျဝန်ထမ်းအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးလျက် ၂၄ နာရီ အချိန်ပြည့် လုပ်ငန်းများ ဆောင်ရွက်ကြရပါသည်။ တာဝန်ကျ ဝန်ထမ်းများသည် ဖြစ်ပေါ်သည့် သဘာဝဘေးများအတွက် ညွှန်ကြားရေးမှူးချုပ်ထံ ချက်ခြင်း အစီရင်ခံတင်ပြ၍ ဝန်ကြီးဌာန၊ အထက်အာဏာပိုင်အဖွဲ့အစည်းများသို့ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြခြင်း သက်ဆိုင်ရာ ဌာန/လုပ်ငန်းများ၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ မြန်မာ့အသံ/ ရုပ်မြင်သံကြား တို့သို့ အချိန်မီပေးပို့ရောက်ရှိရေးကို ဆောင်ရွက်ကြရပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အမိုျးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေးကော်မတီ၏ လမ်းညွှန်မှုကို ခံယူလျက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအမျိုးမျိုးတို့အတွက် ကြိုတင်သတိပေးချက် များ၊ ခန့်မှန်းချက်/အခြေအနေသတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။

သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးစေရေးဆောင်ရွက်ရာတွင် သတိပေးချက်များ အချိန်မီထုတ်ပြန်နိုင်ရေးသည် အဓိကအရေးပါသည့်အတွက် ခန့်မှန်းချက်ထုတ်ပြန်သည့် ခေတ်မီ နည်းစနစ်များအသုံးပြုခြင်း၊ ဂြိုဟ်တုတိမ်ပုံဖမ်းစက်များတပ်ဆင်အသုံးပြုခြင်း၊ ခေတ်မီ တိုင်းတာ ရေးကိရိယာများ တိုးခဲျ့တပ်ဆင်ခြင်း၊ အပြည်ပြည်ဆိုင်ရာအမျိုးသားမိုးလေဝသနှင့် ဇလဗေဒ ဌာန များနှင့် ဆက်သွယ်ဆောင်ရွက်လျက် ဒေသဆိုင်ရာ ခန့်မှန်းချက်များ လက်ခံရရှိခြင်း၊ ခန့်မှန်းရေး ဆိုင်ရာ သခင်င်္ချာပုံစံများဖြင့်တွက်ချက်ထုတ်ပြန်သည့်နည်းပညာများ သင်ယူလေ့လာအသုံးချခြင်းဖြင့် ဌာန၏လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိပါသည်။ ထုတ်ပြန်သည့် ခန့်မှန်းချက်များ/ သတိပေးချက်များကို အစီရင်ခံတင်ပြခြင်း၊ သက်ဆိုင်ရာဒေသများသို့ အချိန်မီပေးပို့ရောက်ရှိစေ ခြင်း၊ ပြည်သူများသိရှိစေရန် ထုတ်လွှင့်ပေးခြင်းတို့သည်လည်း သဘာဝဘေးကြိုတင်ကာကွယ်ရေး နှင့် လျော့ပါးစေရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေရာ ဆက်သွယ်ရေးစနစ် ကောင်းမွန်စေရေးကို ဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ညှိနှိုင်း ၍လည်းကောင်း ဆောင်ရွက်ထားရှိပါသည်။ သတိပေးချက်/ခန့်မှန်းချက်များကို အလိုအလျောက် ဖြေကြားသည့်စနစ်နှင့် သတင်းတိုဖြင့် ပေးပို့ခြင်းစနစ်တို့ကိုလည်း ဌာန အစီအစဉ်ဖြင့် ထူထောင် ထားရှိလျက် လုပ်ငန်းများ ဆောင်ရွက်ပါသည်။