|
အောက်မြန်မာပြည်ဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ ၁။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အောက်မြန်မာပြည်ဌာနခွဲသည် ဖွဲ့စည်းပုံ အရ ညွှန်ကြားရေးမှူးမှ စီမံအုပ်ချုပ်ပြီး ဌာနခွဲလက်အောက်ခံ ပြည်နယ်နှင့် တိုင်းများ မှာ အောက်ပါ အတိုင်းဖြစ်ပါသည် - (က) ကယားပြည်နယ် (ခ) ကရင်ပြည်နယ် (ဂ) မွန်ပြည်နယ် (ဃ) ရခိုင်ပြည်နယ် (င) မကွေးတိုင်း (စ) ရန်ကုန်တိုင်း (ဆ) ပဲခူးတိုင်း (ဇ) ဧရာဝတီတိုင်း (ဈ) တနင်္သာရီတိုင်း ၂။ ဖော်ပြပါ ပြည်နယ်တိုင်းအသီးသီးရှိ ရုံး/စခန်းများအားလုံး၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းတာရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ပေးခြင်း၊ ရုံးချုပ်သို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရပါ သည်။ ဌာနခွဲလက်အောက်တွင် စီမံရေးရာ၊ ဘတ်ဂျက်နှင့်ငွေစာရင်း၊ မိုးလေဝသ၊ ဇလဗေဒ၊ စီမံကိန်းစသည့် ဌာနစုများကို ဖွဲ့စည်းထားရှိလျက် လုပ်ငန်းများကို ဆောင်ရွက်ကြပါသည်။ |
29-3-2026: Weather is generally fair over the Eastcentral Bay of Bengal and a few cloud over the North Andaman Sea and North Bay of Bengal and Westcentral Bay of Bengal and partly cloudy to cloudy over the South Andaman Sea and South Bay of Bengal.

