အောက်မြန်မာပြည်ဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ ၁။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အောက်မြန်မာပြည်ဌာနခွဲသည် ဖွဲ့စည်းပုံ အရ ညွှန်ကြားရေးမှူးမှ စီမံအုပ်ချုပ်ပြီး ဌာနခွဲလက်အောက်ခံ ပြည်နယ်နှင့် တိုင်းများ မှာ အောက်ပါ အတိုင်းဖြစ်ပါသည် - (က) ကယားပြည်နယ် (ခ) ကရင်ပြည်နယ် (ဂ) မွန်ပြည်နယ် (ဃ) ရခိုင်ပြည်နယ် (င) မကွေးတိုင်း (စ) ရန်ကုန်တိုင်း (ဆ) ပဲခူးတိုင်း (ဇ) ဧရာဝတီတိုင်း (ဈ) တနင်္သာရီတိုင်း ၂။ ဖော်ပြပါ ပြည်နယ်တိုင်းအသီးသီးရှိ ရုံး/စခန်းများအားလုံး၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းတာရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ပေးခြင်း၊ ရုံးချုပ်သို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရပါ သည်။ ဌာနခွဲလက်အောက်တွင် စီမံရေးရာ၊ ဘတ်ဂျက်နှင့်ငွေစာရင်း၊ မိုးလေဝသ၊ ဇလဗေဒ၊ စီမံကိန်းစသည့် ဌာနစုများကို ဖွဲ့စည်းထားရှိလျက် လုပ်ငန်းများကို ဆောင်ရွက်ကြပါသည်။ |
၈-၉-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ ကျောက်ဖြူမြို့(Kyaukpyu)၏ အနောက်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ပူရီမြို့(Puri)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၆၀ မိုင် ခန့်၊ ပါရာဒစ်ရှ်မြို့(Paradip)၏ တောင်-အနောက်တောင် ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ချန်ဘလီမြို့(Chandbali)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၁၅ မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၁၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။