DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၁၉-၀၃-၂၀၂၄): ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဘေးအန္တရာယ် လျော့ပါးရေး

မုန်တိုင်းအန္တရာယ် လျော့ပါးရေး

မုန်တိုင်းအန္တရာယ်

မြန်မာနိုင်ငံတွင်မုန်တိုင်းရာသီနှစ်ချိန်ရှိရာမိုးကြိုကာလဖြစ်သည့်ဧပြီလလယ်မှမေလလယ်အထိနှင့်မိုးလွန်ကာလဖြစ်သည့်အောက်တိုဘာလ

နှင့်နိုဝင်ဘာလများ၌ဖြစ်ပေါ်တတ်သည်။မုန်တိုင်းဖြစ်ပေါ်မှုသည်ဘင်္ဂလားပင်လယ်အော်အတွင်းစတင်ဖြစ်ပေါ်လေ့ရှိပြီးမုန်တိုင်းများသည်

ကနဦးတွင်အနောက်(သို့)အနောက်မြောက်ဘက်သို့ဦးတည်ရွေ့လျားပါသည်။တစ်ခါတစ်ရံတွင်မြောက်(သို့)အရှေ့မြောက်အရပ်ဆီသို့

ပြောင်းလဲရွေ့လျားတတ်ပြီးထို့ရွေ့လျားမှုသည်မြန်မာနိုင်ငံအတွင်းသို့မုန်တိုင်းဝင်ရောက်မှုကိုဖြစ်ပေါ်စေတတ်ပါသည်။

ထို့အပြင် တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းအကြွင်း အကျန် များသည် အနောက်အရပ်သို့ရွေ့လျားရာမှ

ကပ္ပလီပင်လယ်ပြင်သို့ရောက်ရှိလာပြီး မုန်တိုင်း အဖြစ်ပြန်လည်အားပျိုးလာတတ်ပါသည်။

 

မုန်တိုင်းအဆင့်သတ်မှတ်ခြင်း

မုန်တိုင်းအဆင့် တစ်နာရီလေတိုက်နှုန်း

၁။ လေဖိအားနည်းရပ်ဝန်း (၃၂)မိုင်အောက်

၂။ မုန်တိုင်းငယ် (၃၂)မိုင် မှ (၃၈)မိုင်

၃။ ဆိုင်ကလုန်းမုန်တိုင်း (၃၉)မိုင် မှ (၅၄)မိုင်

၄။ ဆိုင်ကလုန်းမုန်တိုင်းကြီး (၅၅)မိုင် မှ (၇၂)မိုင်

၅။ အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းကြီး (၇၃)မိုင်နှင့်အထက်

 

မုန်တိုင်းအင်အားနှင့်ဦးတည်ရာအလိုက်အရောင်သတ်မှတ်ခြင်း

အဝါရောင်အခြေအနေ

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင်အပူပိုင်းမုန်တိုင်းစတင်ဖြစ်ပေါ်သည့် အချိန်အခါကို အဝါရောင်

အခြေအနေဟုသတ်မှတ်သည်။

လိမ္မော်ရောင်အရေးပေါ်အခြေအနေ

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပြင်လယ်ပြင်တို့တွင် အပူပိုင်းမုန်တိုင်း စတင် ဖြစ်ပေါ်ပြီးနောက် မြန်မာ့ကမ်းရိုးတန်းဒေသသို့

ဦးတည်ရွေ့လျားလာမည့် အချိန်အခါကို လိမ္မော်ရောင်အရေးပေါ်အခြေအနေဟုသတ်မှတ်ပါသည်။

အနီရောင်အရေးပေါ်အခြေအနေ

မုန်တိုင်းမြန်မာ့ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားလာပြီး မြန်မာ့ကမ်းရိုးတန်းသို့ မဖြတ်ကျော်မီ (၁၂) နာရီ အလိုကို အနီရောင်

အရေးပေါ်အခြေအနေဟု သတ်မှတ် သည်။

အညိုရောင်အရေးပေါ် အခြေ အနေ

မြန်မာ့ကမ်းရိုးတန်းဒေသများသို့မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ချိန်အားအညိုရောင် အရေးပေါ် အခြေ အနေဟုသတ်မှတ်သည်။

အစိမ်းရောင်အခြေအနေ

မုန်တိုင်းအားပျော့၍ မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားချိန်ကို အစိမ်းရောင် အခြေ အနေဟုသတ်မှတ်သည်။

 

မုန်တိုင်းဖြစ်ပေါ်တတ်သည့်ကာလ

မြန်မာနိုင်ငံတွင်မုန်တိုင်းရာသီနှစ်ချိန်ရှိရာမိုးကြိုကာလဖြစ်သည့်ဧပြီလလယ်မှမေလလယ်အထိနှင့်မိုးလွန်ကာလဖြစ်သည့်အောက်တိုဘာလ

နှင့်နိုဝင်ဘာလများ၌ဖြစ်ပေါ်တတ်သည်။မုန်တိုင်းဖြစ်ပေါ်မှုသည်ဘင်္ဂလားပင်လယ်အော်အတွင်းစတင်ဖြစ်ပေါ်လေ့ရှိပြီးမုန်တိုင်းများသည်

ကနဦးတွင်အနောက်(သို့)အနောက်မြောက်ဘက်သို့ဦးတည်ရွေ့လျားပါသည်။တစ်ခါတစ်ရံတွင်မြောက်(သို့)အရှေ့မြောက်အရပ်ဆီသို့

ပြောင်းလဲရွေ့လျားတတ်ပြီးထို့ရွေ့လျားမှုသည်မြန်မာနိုင်ငံအတွင်းသို့မုန်တိုင်းဝင်ရောက်မှုကိုဖြစ်ပေါ်စေတတ်ပါသည်။ ထို့အပြင် တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းအကြွင်း အကျန် များသည် အနောက်အရပ်သို့ရွေ့လျားရာမှ ကပ္ပလီ

ပင်လယ်ပြင်သို့ရောက်ရှိလာပြီး မုန်တိုင်း အဖြစ်ပြန်လည်အားပျိုးလာတတ်ပါသည်။

မုန်တိုင်းဒီရေ

မုန်တိုင်းကမ်းခြေကိုဖြတ်ကျော်စဉ်လေပြင်းနှင့်အတူပင်လယ်ဒီလှိုင်းကြီးများရုတ်တရက်ကုန်းတွင်းသို့အရှိန်အဟုန်ဖြင့်ဝင်ရောက်ပြီးနောက်

ပင်လယ်ဒီလှိုင်းကြီးများသည်ပင်လယ်ထဲသို့ပြန်လည်စီးဆင်းရာတွင်သက်ရှိနှင့်အဆောက်အဦ၊ပစ္စည်းများကိုပင်လယ်ထဲသို့ဆွဲယူသွားလေ့ရှိသည်။

မုန်တိုင်းဒီရေသည်ရေထရက်တွင်ပိုမိုမြင့်မားနိုင်ပြီးကမ်းရိုးတန်းမြစ်ဝများမှတဆင့်ကုန်းတွင်းပိုင်အထိဝင်ရောက်နိုင်သည်။

မုန်တိုင်းကမ်းခြေသို့မဝင်ရောက်မီနာရီအနည်းငယ်အလိုတွင်မုန်တိုင်း၏လက်ယာဘက်၊အောက်ဘက်တွင်ဖြစ်ပေါ်တတ်သည်။

မုန်တိုင်းရာသီမကျရောက်မ ီ

၁။မိုးလေဝသသတင်းများကိုဂရုစိုက်နားထောင်ရန်၊

၂။မိမိနှင့်အနီးဆုံးတည်ရှိသောမုန်တိုင်းခိုအဆောက်အဦကိုကြိုတင်သတ်မှတ်ထားရှိရန်နှင့်ထိုနေရာသို့ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်

အမြန်ဆုံးရောက်ရှိနိုင်မည့်လမ်းကြောင်းကိုကြိုတင်ရှာဖွေထားရန်၊

၃။ကောလဟာလသတင်းများကိုနားမထောင်မိရန်၊

၄။အရေးကြီးပစ္စည်းများပါဝင်သည့်အရေးပေါ်လက်စွဲအသုံးအဆောင်အရန်သင့်ကြိုတင်ပြင်ဆင်ထားရန်၊

၅။မိမိအိမ်အားသေချာစွာစစ်ဆေး၍ခိုင်ခန့်မှုမရှိသည်များကိုခိုင်ခံ့အောင်အားဖြည့်ပြုပြင်ထားရန်၊

၆။အိမ်၊ခြံဝင်းအတွင်းကျိုးပဲ့နိုင်သည့် အကိုင်း၊ အခက်လက်များကို ကြိုတင်ခုတ်ထွင် ရှင်းလင်း ထားရန်၊

၇။မိမိအရပ်ဒေသသည်မုန်တိုင်းဒီရေလှိုင်းဒဏ်ကျရောက်နိုင်သည့်ဒေသဖြစ်လျှင်ကုန်းမြင့်နေရာ၊ မုန်တိုင်းခိုအဆောက်အဦ စသည့်

ပုန်းခိုရန်နေရာအား ကြိုတင် ရှာဖွေသတ်မှတ် ထားရန်၊

၈။အရေးပေါ်ဆက်သွယ်ရမည့်ကယ်ဆယ်ရေးအဖွဲ့၊အရေးပေါ်အဖွဲ့၊သတင်းအချက် အလက်ရရှိနိုင်မည့်အဖွဲ့များ၏ ဖုန်းနံပတ်၊ နေရပ်လိပ်စာ တို့ကိုအလွယ်တကူထားရှိရန်၊

၉။အစာအခြောက်များ၊အရေးပေါ်ဆေးဝါးများ၊သင့်လျှော်သည့်အကာအကွယ်ပစ္စည်းများကိုစုဆောင်းထားရန်၊

၁၀။အရေးပေါ်ရှာဖွေခြင်း၊ကယ်ဆယ်ခြင်းလုပ်ငန်းများကိုကြိုတင်ပြင်ဆင်လေ့ကျင့်ထားရန်၊

မုန်တိုင်းတိုက်ခတ်လာသောအခါ

၁။လျှပ်စစ်မီးများ၊ဓါတ်ငွေ့ပိုက်လိုင်းများအားလုံးကိုဆက်သွယ်မှုများဖြတ်တောက်ပစ်ရန်၊

၂။လေပြင်းဒဏ်ကြောင့်မိမိမှီခိုရာအဆောက်အဦပြိုကျနိုင်သည့်အနေအထားရှိပါကခိုင်ခန့်သည့်စားပွဲ၊ကုတင်များ၏အောက်တွင်ခိုလှုံနေထိုင်ရန်၊

ခိုင်ခန့်မြဲမြန်သည့်တိုင်တစ်ခုကိုတွယ်ဖက်ထားရန်၊

၃။ဆိုးဝါးပြင်းထန်သည့်အခြေအနေကိုဖော်ပြထားသည့်မုန်တိုင်းသတိပေးချက်များရရှိလာသောအခါပင်လယ်ပြင်ထွက်၍ငါးဖမ်းခြင်းများမပြုုလုပ်ရန်၊

၄။မုန်တိုင်းခိုအဆောက်အဦများသို့အမြန်ဆုံးပြောင်းရွှေ့ခိုလှုံရန်၊

၅။ရေဒီယိုဖြင့်နောက်ဆုံးသတင်းထုတ်ပြန်ချက်များကိုအဆက်မပြတ်ဖမ်းယူနားထောင်ရန်၊

၆။သက်ဆိုင်ရာမှမုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်းကြေငြာချက်ထုတ်ပြန်သည်အထိအန္တရာယ်ကင်းသည့်နေရာတွင်စောင့်ဆိုင်းရန်၊

၇။မုန်တိုင်းကျရောက်ချိန်ကားမောင်းနေပါကကားကိုရပ်တန့်ထားရန်၊ပင်လယ်ပြင်မှကွာလှမ်းသောနေရာ၊သစ်ပင်ကြီးများ၊လျှပ်စစ်ပါဝါလိုင်းများ၊

ရေလှောင်ကန်များနှင့်ဝေးကွာပါကကားအတွင်း၌နေရန်၊

မုန်တိုင်းကျရောက်ပြီးပါက

၁။သက်ဆိုင်ရာမှမုန်တိုင်းအန္တရာယ်ကင်းရှင်းပြီဖြစ်ကြောင်းမကြေငြာမချင်းအပြင်မထွက်ရန်၊

၂။ဓါတ်ငွေ့များယိုစိမ့်မှုရှိ၊မရှိစစ်ဆေးရန်၊ရေစိုနေသောလျှပ်စစ်ပစ္စည်းများကိုအသုံးမပြုရန်၊

၃။သက်ဆိုင်ရာမှကြေငြာပေးမည့်သတင်းနှင့်အကြံပြုချက်များကိုဂရုစိုက်နားထောင်ရန်၊

၄။မိမိအားကယ်ဆယ်ဆောင်ရွက်ပေးဖို့လိုအပ်ပါကစောစီးစွာဆောင်ရွက်နိုင်ရန်မိမိအိမ်သို့သက်ဆိုင်ရာမှအကြံမပြုမခြင်းဆန္ဒစောပြီးမပြန်ရန်၊

ပြန်ပါကလည်းသတ်မှတ်ထားသည့်လမ်းကြောင်းမှသာပြန်ရန်၊

၅။ကုန်းလမ်းခရီးသွားရပါကမြွေအန္တရာယ်အထူးသတိထားရန်၊

၆။လမ်းဘေးတွင်ပြတ်ကျနေသောလျှပ်စစ်ကြိုးများကိုမကိုင်မိ၊မထိမိရန်သတိပြုပြီးနီးစပ်ရာလျှပ်စစ်ရုံးသို့အကြောင်းကြားရန်၊

၇။မီးဘေးအန္တရာယ်သတိပြုရန်၊

၈။ဝမ်းပျက်၊ဝမ်းလျှောရောဂါသတိပြုရန်၊

၉။ကယ်ဆယ်ရေးလုပ်ငန်းများတွင်ကူညီဆောင်ရွက်ရန်

 

မြစ်ရေကြီးမှုအန္တရာယ်လျော့ပါးရေး

ရေမကြီးမီ ဆောင်ရွက်ရန်

  • ရေဘေးအန္တရာယ် ကျရောက်နိုင်သော ဒေသများတွင် မိုးကာလ မတိုင်မီကြိုတင်၍ ရေဘေးဒဏ်ခံနိုင်သော ရေကာတာများ တည်ဆောက်ပြုပြင်ထားရှိခြင်း၊ သယ်ယူပို့ဆောင်သွားလာရေးအတွက် လှေ၊ ပဲ့ထောင်၊ မော်တော်၊ စက်သုံးဆီ စသည်တို့ကို ကြိုတင်စီစဉ်ထားပါ။
  • TV ၊ ရေဒီယိုနှင့် FM ရေဒီယိုများမှထုတ်လွှင့်သော မြစ်ရေကြီးမှုဆိုင်ရာ သတင်းများကို ကိုယ်တိုင်ဂရုတစိုက်ကြည့်ရှု နားထောင်ပါ။ ကောလာဟလ သတင်းများအား မယုံကြည် ပါနှင့်။
  • မိမိ မိသားစုဝင်များ စုံညီမှုရှိ/မရှိ စစ်ဆေး၍ မြစ်ရေကြီး နိုင်မည့် သတင်းကို အသိပေးပါ။
  • မိမိ မိသားစုဝင်များအား ဘေးကင်းရာသို့ အမြန်ဆုံး ရောက်နိုင်မည့်လမ်းကို အသုံးပြု၍ ကြိုတင်ရှောင်ရှားပါ။
  • အရေးကြီးပစ္စည်းများကို ယူဆောင်သွားနိုင်ရန် စီစဉ်ပါ။
  • ကလေးသူငယ်များ၊ နာမကျန်းသူများနှင့် သက်ကြီး ရွယ်အို များကို ဘေးလွတ်ရာသို့ ခေါ်ဆောင်သွားနိုင်ရေး ဆောင်ရွက်ပါ။
  • အကူအညီ လိုအပ်ပါက အရေးပေါ်အဖွဲ့များသို့ အကြောင်းကြားပါ။
  • ပျက်စီးဆုံးရှုံးနိုင်သော ပစ္စည်းများကို မြစ်ရေ မရောက်နိုင်သည့် လုံခြုံစိတ်ချရသောနေရာတွင် စနစ်တကျ ထုတ်ပိုး သိမ်းဆည်းထားပါ။
  • ရေဒီယို၊ ဓာတ်မီး၊ သောက်ရေ၊ ကြာရှည်ခံအစားအစာ၊ ဆေးဝါး စသည်တို့ကို ယူဆောင်သွားပါ။
  • မိမိပိုင် ကွဲျ၊ နွားများကို ဘေးကင်းရာသို့ ပို့ဆောင်ပါ။
  • ဒေသအာဏာပိုင်များမှ စီစဉ်သည့်အတိုင်း လိုက်နာ ဆောင်ရွက်ပါ။
  • အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီ ဆောင်ရွက်ပေးပါ။
  • မြစ်ရေကြီးမှု ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ဇာတ်တိုက် လေ့ကျင့်မှုများတွင် ပါဝင်ဆောင်ရွက်ပါ။

ရေကြီးနေချိန် ဆောင်ရွက်ရန်

  • TV ၊ ရေဒီယိုနှင့် ရေဒီယိုများမှ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်နေသော မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်၊ သတိ ပေးချက်များကို ဂရုစိုက်၍ နားထောင်ပါ။
  • မြစ်ရေကြီးမှု ဘေးလွတ်ကင်းနိုင်သည့် ခိုလှုံရာနေရာတွင် မိမိ မိသားစုဝင်များအားလုံး ပြင်ပသို့မထွက်ပဲ နေထိုင်ပါ။
  • ရေကြီးနေသည့်နေရာများသို့ မသွားပါနှင့်။ မြွေအန္တရာယ် ရှိနိုင်သည်။
  • ဝမ်းရောဂါ မဖြစ်စေရန် ရေကိုကြိုချက်သောက်ပါ။
  • မြစ်ချောင်း၊ ကမ်းပါး၊ မြေပြိုနိုင်သည့် နေရာများသို့ သွားလာခြင်းမှ ရှောင်ရှားပါ။
  • အရေးပေါ် ကယ်ဆယ်ရေးစခန်း တာဝန်ခံ၏ အစီအစဉ် အတိုင်း လိုက်နာဆောင်ရွက်ပါ။

ရေကြီးပြီးချိန် ဆောင်ရွက်ရန်

  • မြစ်ရေကြီးမှုအန္တရာယ် ကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ချက်ရရှိမှသာ မိမိတို့နေအိမ်သို့ ပြန်ပါ။
  • မိမိ မိသားစုဝင်များ ထိခိုက်မှုရှိ/မရှိ စစ်ဆေးပါ။ လိုအပ် ပါက ဆေးကုသမှု ခံယူပါ။
  • သက်ဆိုင်ရာမှထုတ်ပြန်သည့် သတင်းနှင့် အကြံပြုချက်များကိုသာ ယုံကြည်ပြီး လိုက်နာဆောင်ရွက်ပါ။
  • ကောလာဟလ သတင်းများကို မယုံကြည်ပါနှင့်။
  • အပျက်အစီးများကို တာဝန်မရှိဘဲ လှည့်လည်ကြည့်ရှုခြင်း မပြုလုပ်ပါနှင့်။
  • အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် တတ်နိုင်သမျှ ပူးပေါင်း ပါဝင်ဆောင်ရွက်ပါ။
  • ဝမ်းရောဂါ ကျရောက်တတ်၍ ရေကိုကြိုချက် သောက်ပါ။
  • အအေးမိဖျားနာခြင်းမဖြစ်စေရန် နွေးထွေးစွာနေပါ။
  • ရေလွှမ်းမိုးထားသော လမ်း၊ တံတားများ၊ အိမ်များ အချိန် မရွေး ပြိုကျနိုင်သည့်အတွက် သတိပြုပါ။
  • အဆိပ်ရှိသော သတ္တဝါများ ခိုအောင်းနေတတ်သဖြင့် သတိပြုပါ။

 

မြေငလျင်အန္တရာယ်လျော့ပါးရေး

 

မြေငလျင်လှူပ်ရှားမှူကို မည်သည့်နိုင်ငံမျှ ကြိုတင်သတိပေးချက် ထုတ်ပြန်နိုင်ခြင်း မရှိသည့်အလျှောက် မြေငလျင်လှူပ်ရှားမှူ သတင်းကိုသာ ထုတ်ပြန် ကြရပါသည်။ သို့ဖြစ်ရာ မြေငလျင်လှူပ်ရှားနိုင်သည့် ဒေသ(ဝါ) မြေငလျင်ကြောရှိရာ ဒေသတွင် နေထိုင်ကြသူများအဖို့ မြေငလျင် သတိအမြဲ ရှိနေကြရန် နှင့် မြေငလျင်လှူပ်ရှားမှူကြောင့် ထိခိုက်ဆုံးရံှူးမှူများ မရှိစေရန် ကြိုတင်ပြင်ဆင်ထားမှူများ ရှိကြရန် လိုအပ်ပါသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူ ဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြေငလျင် တိုင်းတာရေးစခန်းများ ဖွင့်လှစ်ထားရှိခြင်း၊ မြေငလျင်ကွန်ရက်များ ထူထောင်ထားရှိခြင်းဖြင့် မြေငလျင် လှူပ်ရှားမှူအခြေအနေများကို တိုင်းတာစောင့်ကြည့်လျက်ရှိပြီး မြေငလျင်သတင်းများ ထုတ်ပြန်ပေးလျက်ရှိပါသည်။ ယင်းထုတ်ပြန်ချက်များကိုလည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်သားပြည်သူများထံ အမြန်ဆုံးရောက်ရှိရန် ဆောင်ရွက်ကြရပါသည်။

မြေငလျင်လှူပ်ပြီးနောက်ဆက်တွဲ လာတတ်သည့် အောက်ပါဘေးအန္တရာယ်များအား သိရှိထားရန်လိုအပ်ပါသည်-

(က) နောက်ဆက်တွဲငလျင်များ - အင်အားအနည်းငယ်မှ အင်အားအသင့်အတင့်ရှိသော မြေငလျင်များသည် မြေငလျင်ကြီးများ လှူပ်ရှားပြီးနောက် မြေငလျင်၏ ဗဟိုချက်အနီးတွင် ထပ်မံလှူပ်ရှားတတ်ပါသည်။ တစ်ခါတစ်ရံ အင်အားပြင်းထန်သည့် နောက်ဆက်တွဲ ငလျင်များလည်း လှူပ်နိုင်ပါသည်။ မြေငလျင်ကြီး လှူပ်ရှားမှူဒဏ်ကို ခံရသော်လည်း ပြိုကျမှူမရှိသေးသည့် အဆောက်အအုံများသည် နောက်ဆက်တွဲ မြေငလျင်များ ကြောင့် ပြိုကျနိုင်ပါသည်။

(ခ) မြို့ပြမီးဘေးအန္တရာယ် - မီးကျွင်းမီးကျန်များကြောင့်လည်းကောင်း၊ ဓါတ်ငွေ့အိုးများ ပေါက်ကွဲခြင်းနှင့် လျှပ်စစ်မီးကြိုးများကြောင့်လည်းကောင်း မီးလောင်မှူ ဖြစ်ပွားနိုင်ပါသည်။

(ဂ) ရေကြီးခြင်း - ရေကာတာကြီးများ ဆည်ဘောင်ကြီးများ အက်ကွဲကျိုးပျက်ပြီး လျှပ်တစ်ပျက် ရေကြီးနိုင်ပါသည်။

(ဃ) တောင်ပြိုခြင်း၊ မြေပြိုခြင်း - မြေငလျင်ဗဟိုချက်အနီးတွင် တောင်ကုန်းတောင်တန်းများ ရှိပါက မြေပြိုခြင်း၊ တောင်ပြိုခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။

(င) ရွှံမီးတောင်များပေါက်ကွဲခြင်း - ရွှံမီးတောင်များလည်း ပေါက်ကွဲပန်းထွက်တတ်ပါသည်။

(စ) ဆူနာမီလှိူင်းဖြစ်ပေါ်ရိုက်ခတ်ခြင်း - အင်အားပြင်းမြေငလျင်ကြီးများ၏ မြေပြင်ဗဟိုသည် ပင်လယ်ရေအောက်ကြမ်းပြင်တွင်ဖြစ်ပြီး အင်အား ပြင်းထန်ပါက ဆူနာမီလှိူင်းများ ဖြစ်ပေါ်လျှက် ကမ်းခြေဒေသများသို့ ဝင်ရောက်ရိုက်ခတ်နိုင်ပါသည်။

(ဆ) ကောလဟလသတင်းလွှင့်ခြင်း - မြေငလျင်ကြီးများ လှူပ်ရှားပြီးနောက်ပိုင်းတွင် မြေငလျင်ထပ်မံ လှူပ်ဦးမည်၊ ဆူနာမီ ရေလှိူင်းကြီးများ လာဦးမည် စသည်ဖြင့် ကောလဟလသတင်းများ ထွက်ပေါ်တတ်ပါသည်။

မြေငလျင်နှင့်ပတ်သက်ပြီး မည်သည့်နေရာတွင် အင်အားပမာဏ မည်မျှဖြင့် လှူပ်နိုင်သည်ကို နည်းပညာဖွံ့ဖြိုးတိုးတက်သော နိုင်ငံအချို့တွင် ဘူမိသိပ္ပံပညာရှင်များက ခန့်မှန်းနိုင်ပါသည်။ သို့သော် အဆိုပါ လှူပ်ရှားနိုင်သည့် မြေငလျင်သည် မည်သည့်ခုနှစ်၊ မည်သည့်လ၊ မည်သည့်နေ့ရက်၊ မည်သည့်အချိန်နာရီတွင် လှူပ်မည်ကို အတိအကျ မည်သည့် သိပ္ပံပညာရှင်မှ မခန့်မှန်းနိုင်ကြသေးပါ။ မြေငလျင်လုပ်မည့် ခန့်မှန်းချက်၊ မြေငလျင် သတိပေးချက် ထုတ်ပြန်ပြီး လူအများအား အန္တရာယ်ရှိသော အဆောက်အဦနေရာတို့မှ ရှောင်ပြေးစေရန်မှာ အလွန်ခက်ခဲပါသည်။

မြန်မာနိုင်ငံသည် စစ်ကိုင်းမြေငလျင်ကြောကြီးနှင့် အခြားမြေငလျင်ကြောငယ်များကြောင့် မြေငလျင်ဘေးအန္တရာယ်ကို တွေ့ကြုံနိုင်သည် ဖြစ်ရာ မြေငလျင်ဘေးအန္တရာယ် လျော့ပါးရေးနှင့် ကြိုတင်ကာကွယ်ရေးတို့သည် အရေးကြီးသကဲ့သို့ ပြည်သူတို့ အသိပညာ တိုးပွားရေးနှင့် မြေငလျင်မလှူပ်ရှားမီ၊ မြေငလျင်လှူပ်ရှားနေစဉ်နှင့် မြေငလျင်လှူပ်ရှားပြီး ဆောင်ရွက်သင့်သည်များအား လိုက်နာဆောင်ရွက်တတ်ရေးသည် လည်း အရေးပါလှပါသည်။