DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁-၉-၂၀၂၄: “ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿတောင်ပိုင်း ကမ်းလွန်)တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေကို ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam)အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းနှင့် ဩရိဿပြည်နယ်တောင်ပိုင်းတို့သို့ ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရပါသည်။”

မိုးကြိုးမုန်တိုင်း (Thunderstorms)

မိုးကြိုးမုန်တိုင်း (Thunderstorms)

မုန်တိုင်းများနှင့်မှတ်ယူမှုလွဲမှားနိုင်ပါသည်။မိုးကြိုးမုန်တိုင်းသည်မုန်တိုင်းစစ်စစ်မဟုတ်ကြပါ။သို့ရာတွင်

မုန်တိုင်းထက်ပြင်းထန်ပါသည်။အပူပျံတက်မှုဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာသောမိုးလေဝသဖြစ်စဉ်ဖြစ်ပါ

သည်။မိုးကြိုးမုန်တိုင်း၏အထင်ရှားဆုံးလက္ခဏာမှာ လျှပ်စီးပျက်(လက်)ခြင်း၊မိုးကြိုးပစ်ခြင်းနှင့်

လေပြင်းတိုက်ခြင်း တို့ဖြစ်ပါသည်။မိုးရွာသွန်းမှုမှာအလွန်အမင်းများပြားမှုမရှိသော်လည်းတိုတောင်း

သောအချိန်(မိနစ်၃၀ခန့်အတွင်း)မိုးရွာပြီး၊မိုးကြိုးမုန်တိုင်းဖြစ်စဉ်ပြီးသည်နှင့်မိုးတိတ်သွားခြင်းမျိုးဖြစ်

ပါသည်။လူနှင့်တိရစ္ဆာန်တို့ကို မိုးကြို၊မိုးဦးနှင့်မိုးနှောင်းကာလများတွင်အန္တရာယ်ပေးသောဖြစ်စဉ်

ဖြစ်ပါသည်။