DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

( ၃၀.၃.၂၀၂၃) ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မိုးလေဝသဆိုင်ရာဘေးအန္တရာယ်

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများသည် ဧပြီလ၊ မေလ၊ အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် ဖြစ်ပေါ်လေ့ ရှိပါသည်။ မုတ်သုံလေ ရာသီကာလ အတွင်း ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် မုတ်သုံမုန်တိုင်းငယ်များဖြစ်ပေါ် တတ်ပါသည်။ မိုးကြို ရာသီနှင့်မိုးလွန်ရာသီများတွင်ဖြစ်သော မုန်တိုင်းများသည် အဖျက်စွမ်းအားများ၍ပျက်စီးဆုံးရှုံးမှု များစွာဖြစ်စေပါသည်။

မုန်တိုင်းများ၏ အရေးပါသော အဖျက်စွမ်းအား(၃)မျိုးမှာ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်ခြင်းနှင့်မုန်တိုင်းဒီရေတက်ခြင်းတို့ဖြစ်ပါသည်။မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဖြတ်ကျော်ပါက အများဆုံးလေတိုက်နှှုန်းတစ်နာရီမိုင်(၁၂၀) မှ (၁၃၀) အထိရှိပါသည်။ ဖြတ်ကျော်သည့် မုန်တိုင်း၏ အင်အားနှင့်အရွယ်အစားပေါ်တွင်အဓိကမူတည်ပါသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းအင်အားအခြေအနေများကို ထည့်သွင်းထုတ်ပြန်ပေးပါသည်။ အားကောင်းသော မုန်တိုင်း ဖြစ်ပါကလေတိုက်နှုန်း ပိုမိုပြင်းထန်မည်၊ မိုးကြီးမည်၊ မုန်တိုင်းဒီရေတက်ရောက်မှု ပိုမြင့်မည်ဖြစ်ပါသည်။ ရခိုင်ကမ်းရိုးတန်းနှင့်မြစ်ဝကျွန်းပေါ်ဒေသများသည်မုန်တိုင်းဘေးအန္တရာယ်ရှိသောဒေသများဖြစ်ပြီးချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့သည် မုန်တိုင်းများဖြတ်ကျော် ရွေ့လျားမှုကြောင့်ဒေသအလိုက် မိုးကြီးခြင်း၊လျှပ်တစ်ပျက်ရေကြီးခြင်းနှင့်လေပြင်းတိုက်ခတ်မှုများကြုံံတွေ့နိုင်ပါသည်။

မုန်တိုင်းဖြစ်ပေါ်မည့်အခြေအနေကိုမိုး-ဇလမှနေ့၊ ညမပြတ်စောင့်ကြည့်လေ့လာနေပြီး မုန်တိုင်းဖြစ်ပေါ်နေစဉ် ကုန်းတွင်းသို့ ဝင်ရောက်အားပျော့သွားသည် အထိစာင့်ကြည့်လျက်ကြိုတင်သတင်းထုတ်ပြန်မည်ဖြစ်ပါသည်။ ထို့ကြောင့်မုန်တိုင်းဖြစ်ပေါ်လာတိုင်း စိုးရိမ်မှုမလွန်ဘဲ မုန်တိုင်းမတိုက်ခတ်မီ၊ မုန်တိုင်းတိုက်ခတ်နေဆဲနှင့် မုန်တိုင်းတိုက်ခတ်ပြီးချိန်များတွင်ပြင်ဆင်ဆောင်ရွက်ရန်တို့ကိုကြိုတင်စီမံလျက်မိုး-ဇလ၏ မုန်တိုင်းသတင်း (သို့မဟုတ်) မုန်တိုင်းသတိပေးချက်ကို ကြည့်ရှု၊နားဆင်ပြီး ဒေသအဖွဲ့အစည်းများ၏ ဦးဆောင်လမ်းညွှန်မှုကိုပူးပေါင်း၊ လိုက်နာ ဆောင်ရွက်ခြင်း ဖြင့် မုန်တိုင်း အန္တရာယ်ကိုရင်ဆိုင် ကျော်လွှားနိုင်မည် ဖြစ်ပါသည်။

မုန်တိုင်းသတိပေးချက်နှင့်ပတ်သက်၍သတိပြုရန်

(၁)မုန်တိုင်းကာလများတွင် မုန်တိုင်းသတင်းကိုပိုမိုဂရုပြုနားထောင်ရန်၊

(၂)ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းဖြစ်သည့်အခါတိုင်းမြန်မာ့ကမ်းရိုးတန်း သို့ဝင်ရောက်လေ့မရှိကြောင်းနှင့်မြန်မာ့ကမ်းရိုးတန်း   နှင့်နီးကပ်လာမည့်မုန်တိုင်းတည်နေရာအားဘင်္ဂလားပင်လယ်အော် အစိပ်အပိုင်းအားသိရှိထားရန်၊

(၃)    မုန်တိုင်းသတင်းထုတ်ပြန်ရာတွင်မြန်မာနိုင်ငံအတွက်အန္တရာယ် မရှိနိုင် သော မုန်တိုင်းဖြစ်ပါက မုန်တိုင်းသတင်း ဟုကြေငြာပြီး

မြန်မာနိုငံအတွက် အန္တရာယ် ရှိနိုင်သောမုန်တိုင်းမှသာမုန်တိုင်းသတိပေးချက်ဟုထုတ်ပြန်ကြေငြာကြောင်းသိရှိထားရန်၊

(၄)    မုန်တိုင်းသတိပေးချက်တွင်ပါဝင်သောအောက်ပါအချက်များကိုအထူးသတိပြုရန်၊

-       မုန်တိုင်းတည်နေရာနှင့်မိမိနေထိုင်ရာအကွာအဝေး၊

-       မုန်တိုင်းရွေ့လျားရာလမ်းကြောင်းနှင့်မိမိနေထိုင်ရာအကွာအဝေး၊

-       မုန်တိုင်းအမျိုးအစား၊ မုန်တိုင်းဖြတ်ကျော်မည်ဟုခန့်မှန်းဒေသနှင့်မိမိ နေထိုင်ရာအကွာအဝေး၊

(၅)    မုန်တိုင်းဖြစ်ပေါ်နေချိန်နှင့်ရေထရက်တို့တိုက်ဆိုင်မှု၊ မိမိနေရာဒေသ၏ ဒီရေသဘာဝ၊

မုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုများ

စဉ်

နေ့စွဲ

ဝင်ရောက်သည့်ဒေသ

အပျက်အစီး

၁။

၁၄-၁၇ မေလ ၁၈၈၄

စစ်တွေ

လူ(၁၀၀)ကျော်သေဆုံး၊ သိန်း(၂၀၀)ဖိုးဆုံးရှုံး

၂။

၂၂-၂၆ ဧပြီလ ၁၉၃၆

ကျောက်ဖြူ

လူ(၁၀၀၀) ခန့်သေဆုံး၊ကျွဲ၊ နွား(၇၀၀၀) ကျော် သေဆုံး၊ ကျပ်သိန်း(၂၀၀)ဖိုးဆုံးရှုံး

၃။

၆-၈ အောက်တိုဘာလ ၁၉၄၈

စစ်တွေ

ကျပ်သိန်း(၁၀၀)ဖိုးဆုံးရှုံး

၄။

၂၂-၂၄ အောက်တိုဘာ ၁၉၅၂

စစ်တွေ

လူ(၄)ဦးသေဆုံး၊ သိန်း(၁၀၀)ဖိုးဆုံးရှုံး

၅။

၁၅-၁၈ မေလ ၁၉၆၇

ကျောက်ဖြူ

ပုသိမ်ခရိုင်တွင်သိန်း(၁၀၀)ဖိုးနှင့်ကျောက်ဖြူခရိုင်တွင်သိန်း(၂၀၀)ကျော်ဆုံးရှုံး

၆။

၂၀-၂၄ အောက်တိုဘာလ ၁၉၆၇

စစ်တွေ

စစ်တွေခရိုင်တွင်(၉၀%)ပျက်စီး၊ လူ(၂)ဦးသေဆုံး၊မုံရွာခရိုင်တွင်လူ(၁၀၀)ကျော်

သေဆုံး၊ကျွဲ၊နွား(၁၀၀)ကျော်သေဆုံး

၇။

၇-၁၀ မေလ ၁၉၆၈

စစ်တွေ

လူ(၁၀၃၇)ဦးသေဆုံး၊ ကျွဲ၊နွား(၁၇၅၃၇)သေဆုံး၊ အိုးအိမ်(၅၇၆၆၃)ပျက်စီး၊သိန်း(၁၀၀)ဖိုးဆုံးရှုံး

၈။

၅-၇ မေလ ၁၉၇၅

ပုသိမ်

လူ(၃၀၃)ဦးသေဆုံး၊ ကျွဲ၊နွား(၁၀၁၉၀)သေဆုံး၊ အိုးအိမ်(၂၄၆၇၀၀)ပျက်စီး၊ ကျပ်(၇၇၆.၅)သန်းဖိုးဆုံးရှုံး

၉။

၁၂-၁၇ မေလ ၁၉၇၈

ကျောက်ဖြူ

ကျောက်ဖြူမြို့တွင်(၉၀%)ပျက်စီး၊သိန်း(၂၀၀)ဖိုးဆုံးရှုံး

၁၀။

၄ မေလ၁၉၈၂

ဂွ

ဂွမြို့တွင်(၉၀%)ပျက်စီး

၁၁။

၂ မေလ၁၉၉၄

မောင်တော

သိန်း(၅၀၀)ဖိုးဆုံးရှုံး

၁၂။

၂၉ ဧပြီ ၂၀၀၆

မာလာ

မုန်တိုင်း

ဂွမြို့

လူ(၁)ဦးသေဆုံး၊မုန်တိုင်းဒီရေ(၄.၅၇)မီတာတက်

၁၃။

၂-၃ မေလ၂၀၀၈

နာဂစ်

မုန်တိုင်း

မြစ်ဝကျွှန်း

ပေါ်ဒေသများ

လူ(၁၃၈၀၀)ကျော်သေဆုံး၊(၁၃)ထရီလီယန်ကျပ်ဖိုးဆုံးရှုံး

၁၄။

၂၂ အောက်တိုဘာ ၂၀၁၀

ဂီရိမုန်တိုင်း

မြေပုံ၊မင်းပြား

လူ(၄၅)ဦးသေဆုံး၊ (ဝ.၀၂၄)ထရီလီယန်ကျပ် ဖိုးဆုံးရှုံး

မုန်တိုင်းဒီရေ

၁။   မုန်တိုင်းကမ်းခြေကိုဖြတ်ကျော်စဉ်လေပြင်းနှင့်အတူပင်လယ်ဒီလှိုင်းကြီးများရုတ်တရက်ကုန်းတွင်းသို့အရှိန်အဟုန်ဖြင့်ဝင်ရောက်ပြီး

နောက်ပင်လယ်ဒီလှိုင်းကြီးများသည်ပင်လယ်ထဲသို့ပြန်လည်စီးဆင်းရာတွင်သက်ရှိနှင့်အဆောက်အဦ၊ပစ္စည်းများကိုပင်လယ်ထဲသို့ဆွဲယူ

သွားလေ့ရှိသည်။

၂။        မုန်တိုင်းဒီရေသည်ရေထရက်တွင်ပိုမိုမြင့်မားနိုင်ပြီးကမ်းရိုးတန်းမြစ်ဝများမှတဆင့်ကုန်းတွင်းပိုင်အထိဝင်ရောက်နိုင်သည်။

၃။        မုန်တိုင်းကမ်းခြေသို့မဝင်ရောက်မီနာရီအနည်းငယ်အလိုတွင်မုန်တိုင်း၏လက်ယာဘက်၊အောက်ဘက်တွင်ဖြစ်ပေါ်တတ်သည်။

မုန်တိုင်းရာသီမကျရောက်မီ

၁။မိုးလေဝသသတင်းများကိုဂရုစိုက်နားထောင်ရန်၊

၂။မိမိနှင့်အနီးဆုံးတည်ရှိသောမုန်တိုင်းခိုအဆောက်အဦကိုကြိုတင်သတ်မှတ်ထားရှိရန်နှင့်ထိုနေရာသို့ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်

အမြန်ဆုံးရောက်ရှိနိုင်မည့်လမ်းကြောင်းကိုကြိုတင်ရှာဖွေထားရန်၊

၃။ကောလဟာလသတင်းများကိုနားမထောင်မိရန်၊

၄။အရေးကြီးပစ္စည်းများပါဝင်သည့်အရေးပေါ်လက်စွဲအသုံးအဆောင်အရန်သင့်ကြိုတင်ပြင်ဆင်ထားရန်၊

၅။မိမိအိမ်အားသေချာစွာစစ်ဆေး၍ခိုင်ခန့်မှုမရှိသည်များကိုခိုင်ခံ့အောင်အားဖြည့်ပြုပြင်ထားရန်၊

၆။အိမ်၊ခြံဝင်းအတွင်းကျိုးပဲ့နိုင်သည့်အကိုင်း၊အခက်လက်များကိုကြိုတင်ခုတ်ထွင်ရှင်းလင်းထားရန်၊

၇။မိမိအရပ်ဒေသသည်မုန်တိုင်းဒီရေလှိုင်းဒဏ်ကျရောက်နိုင်သည့်ဒေသဖြစ်လျှင်ကုန်းမြင့်နေရာ၊ မုန်တိုင်းခိုအဆောက်အဦ စသည့်ပုန်းခိုရန်နေရာအားကြိုတင်ရှာဖွေသတ်မှတ်ထားရန်၊

၈။အရေးပေါ်ဆက်သွယ်ရမည့်ကယ်ဆယ်ရေးအဖွဲ့၊အရေးပေါ်အဖွဲ့၊သတင်းအချက်အလက်ရရှိနိုင်မည့်အဖွဲ့များ၏ဖုန်းနံပတ်၊

နေရပ်လိပ်စာတို့ကိုအလွယ်တကူထားရှိရန်၊

၉။အစာအခြောက်များ၊အရေးပေါ်ဆေးဝါးများ၊သင့်လျှော်သည့်အကာအကွယ်ပစ္စည်းများကိုစုဆောင်းထားရန်၊

၁၀။အရေးပေါ်ရှာဖွေခြင်း၊ကယ်ဆယ်ခြင်းလုပ်ငန်းများကိုကြိုတင်ပြင်ဆင်လေ့ကျင့်ထားရန်၊

မုန်တိုင်းတိုက်ခတ်လာသောအခါ

၁။လျှပ်စစ်မီးများ၊ဓါတ်ငွေ့ပိုက်လိုင်းများအားလုံးကိုဆက်သွယ်မှုများဖြတ်တောက်ပစ်ရန်၊

၂။လေပြင်းဒဏ်ကြောင့်မိမိမှီခိုရာအဆောက်အဦပြိုကျနိုင်သည့်အနေအထားရှိပါကခိုင်ခန့်သည့်စားပွဲ၊ကုတင်များ၏အောက်တွင်

ခိုလှုံနေထိုင်ရန်၊ခိုင်ခန့်မြဲမြန်သည့်တိုင်တစ်ခုကိုတွယ်ဖက်ထားရန်၊

၃။ဆိုးဝါးပြင်းထန်သည့်အခြေအနေကိုဖော်ပြထားသည့်မုန်တိုင်းသတိပေးချက်များရရှိလာသောအခါပင်လယ်ပြင်ထွက်၍ငါးဖမ်းခြင်း

များမပြုုလုပ်ရန်၊

၄။မုန်တိုင်ခိုအဆောက်အဦများသို့အမြန်ဆုံးပြောင်းရွှေ့ခိုလှုံရန်၊

၅။ရေဒီယိုဖြင့်နောက်ဆုံးသတင်းထုတ်ပြန်ချက်များကိုအဆက်မပြတ်ဖမ်းယူနားထောင်ရန်၊

၆။သက်ဆိုင်ရာမှမုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်းကြေငြာချက်ထုတ်ပြန်သည်အထိအန္တရာယ်ကင်းသည့်နေရာတွင်စောင့်ဆိုင်းရန်၊

၇။မုန်တိုင်းကျရောက်ချိန်ကားမောင်းနေပါကကားကိုရပ်တန့်ထားရန်၊ပင်လယ်ပြင်မှကွာလှမ်းသောနေရာ၊သစ်ပင်ကြီးများ၊လျှပ်စစ်ပါဝါ

လိုင်းများ၊ရေလှောင်ကန်များနှင့်ဝေးကွာပါကကားအတွင်း၌နေရန်၊

မုန်တိုင်းကျရောက်ပြီးပါက

၁။သက်ဆိုင်ရာမှမုန်တိုင်းအန္တရာယ်ကင်းရှင်းပြီဖြစ်ကြောင်းမကြေငြာမချင်းအပြင်မထွက်ရန်၊

၂။ဓါတ်ငွေ့များယိုစိမ့်မှုရှိ၊မရှိစစ်ဆေးရန်၊ရေစိုနေသောလျှပ်စစ်ပစ္စည်းများကိုအသုံးမပြုရန်

၃။သက်ဆိုင်ရာမှကြေငြာပေးမည့်သတင်းနှင့်အကြံပြုချက်များကိုဂရုစိုက်နားထောင်ရန်၊

၄။မိမိအားကယ်ဆယ်ဆောင်ရွက်ပေးဖို့လိုအပ်ပါကစေစီးစွာဆောင်ရွက်နိုင်ရန်မိမိအိမ်သို့သက်ဆိုင်ရာမှအကြံမပြုမခြင်းဆန္ဒစောပြီး

မပြန်ရန်၊ပြန်ပါကလည်းသတ်မှတ်ထားသည့်လမ်းကြောင်းမှသာပြန်ရန်၊

၅။ကုန်းလမ်းခရီးသွားရပါကမြွေအန္တရာယ်အထူးသတိထားရန်၊

၆။လမ်းဘေးတွင်ပြတ်ကျနေသောလျှပ်စစ်ကြိုးများကိုမကိုင်မိ၊မထိမိရန်သတိပြုပြီးနီးစပ်ရာလျှပ်စစ်ရုံးသို့အကြောင်းကြားရန်၊

၇။မီးဘေးအန္တရာယ်သတိပြုရန်၊

၈။ဝမ်းပျက်၊ဝမ်းလျှောရောဂါသတိပြုရန်၊

၉။ကယ်ဆယ်ရေးလုပ်ငန်းများတွင်ကူညီဆောင်ရွက်ရန်

 

မုန်တိုင်းကြောင့်ဖြစ်ပေါ်သည့်အန္တရာယ်များ

၁။လေပြင်းတိုက်ခတ်၍သစ်ပင်၊အဆောက်အဦများပျက်စီးခြင်း၊

၂။လေဖိအားရုတ်တရက်ကျဆင်း၍အသက်ရှူကျပ်ခြင်း၊

၃။ပင်လယ်ပြင်တွင်လှိုင်းတံပိုးကြီးခြင်း၊

၄။ကမ်းရိုးတန်းဒေသတွင်ဒီလှိုင်းများလှိမ့်ဝင်ခြင်း၊ရေထရက်နှင့်ကြုံပါကထူးကဲဒီရေနှင့်တကွဒီလှိုင်းများလှိမ့်ဝင်ခြင်း၊

၅။လျှပ်စစ်ဓါတ်ကြောင့်သစ်ပင်များခြောက်သွေ့ကုန်ခြင်း၊

၆။ဆားငံရေတင်၍ရေတွင်းများ၊လယ်ယာများပျက်စီးခြင်း၊

၇။မိုးကြီးရွာ၍လျှပ်တစ်ပျက်ရေကြီးခြင်းဖြစ်ပေါ်ခြင်း၊

၈။ဝမ်းရောဂါများ၊အအေးမိဖျားးနာခြင်းများဖြစ်ပေါ်ခြင်း၊

မုန်တိုင်းကြောင့်ဖြစ်ပေါ်သည့်အန္တရာယ်များ

၁။လေပြင်းတိုက်ခတ်၍သစ်ပင်၊အဆောက်အဦများပျက်စီးခြင်း၊

၂။လေဖိအားရုတ်တရက်ကျဆင်း၍အသက်ရှူကျပ်ခြင်း၊

၃။ပင်လယ်ပြင်တွင်လှိုင်းတံပိုးကြီးခြင်း၊

၄။ကမ်းရိုးတန်းဒေသတွင်ဒီလှိုင်းများလှိမ့်ဝင်ခြင်း၊ရေထရက်နှင့်ကြုံပါကထူးကဲဒီရေနှင့်တကွဒီလှိုင်းများလှိမ့်ဝင်ခြင်း၊

၅။လျှပ်စစ်ဓါတ်ကြောင့်သစ်ပင်များခြောက်သွေ့ကုန်ခြင်း၊

၆။ဆားငံရေတင်၍ရေတွင်းများ၊လယ်ယာများပျက်စီးခြင်း၊

၇။မိုးကြီးရွာ၍လျှပ်တစ်ပျက်ရေကြီးခြင်းဖြစ်ပေါ်ခြင်း၊

၈။ဝမ်းရောဂါများ၊အအေးမိဖျားးနာခြင်းများဖြစ်ပေါ်ခြင်း၊

မုန်တိုင်းအဆင့်သတ်မှတ်ခြင်း

(၁)အဝါရောင်အရေးပေါ်အခြေအနေ

ဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်ပြင်တို့တွင်အပူပိုင်းမုန်တိုင်းစတင်ဖြစ်ပေါ်သည့်အချိန်အခါကို

အဝါရောင်အခြေအနေဟုသတ်မှတ်သည်။အဝါရောင်အရေးပေါ်အခြေအနေကြေငြာသည့်အခါတွင်မြန်မာ့

အသံနှင့်CityFMတို့မှတစ်နာရီလျှင်(၂)ကြိမ်မှ(၃)ကြိမ်ခန့်ဖြင့်လည်းကောင်း၊မြန်မာ့ရုပ်မြင်သံကြားနှင့်မြဝတီရုပ်မြင်

သံကြားတို့မှနေ့စဉ်မိုးလေဝသသတင်းထုတ်ပြန်သည့်အချိန်၌လည်းကောင်းထည့်သွင်းထုတ်လွှင့်ပေးသည်။

၎င်းအရေးပေါ်အခြေအနေတွင်ကပ္ပလီပင်လယ်ပြင်(သို့)ဘင်္ဂလားပင်လယ်အော်၏မည့်သည့်အပိုင်းဒေသတွင်

မုန်တိုင်းစတင်ဖြစ်ပေါ်နေသည်ကိုဖော်ပြထားသည်။

(၂)လိမ္မော်ရောင်အရေးပေါ်အခြေအနေ

ဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်ပြင်တို့တွင်အပူပိုင်းမုန်တိုင်းစတင်ဖြစ်ပေါ်သည့်နောက်မြန်မာ့ကမ်းရိုး

တန်းဒေသသို့ဦးတည်ရွေ့လျားလညမည့်အချိန်အခါကိုလိမ္မော်ရောင်အခြေအနေဟုသတ်မှတ်သည်။ထိုအခြေ

အနေတွင်မြန်မာ့အသံမှတစ်နာရီလျှင်(၃)ကြိမ်မှ(၄)ကြိမ်ခန့်အထိမြန်မာ့ရုပ်မြင်သံကြား၊MRTV4နှင့်မြဝတီရုပ်မြင်

သံကြားတို့မှအချိန်နှင့်တစ်ပြေးညီစာတန်းထိုး၍ကြားဖြတ်အစီအစဉ်ဖြင့်အကြာခဏထုတ်လွှင့်ပေးရမည်။

(၃)အနီရောင်အရေးပေါ်အခြေအနေ

မုန်တိုင်းမြန်မာကမ်းရိုးတန်းဆီသို့ဦးတည်ရွေ့လျားလာပြီးမြန်မာ့ကမ်းရိုးတန်းသို့မဖြတ်ကျော်မီ(၁၂)နာရီအလိုကို

အနီရောင်အရေးပေါ်အခြေအနေဟုသတ်မှတ်သည်။ထိုအခြေအနေတွင်အထက်ပါအချက်အလက်များပါဝင်သော

မုန်တိုင်းသတိပေးချက်များမြန်မာ့အသံမှတစ်နာရီလျှင်(၃)ကြိမ်မှ(၆)ကြိမ်ခန့်အထိ၊မြန်မာ့ရုပ်မြင်သံကြား၊MRTV-4

နှင့်မြဝတီရုပ်မြင်သံကြားတို့မှအချိန်နှင့်တစ်ပြေးညီစာတန်းထိုး၍ကြားဖြတ်အစီအစဉ်ဖြင်မကြာခဏထုတ်လွှင့်ပေး

ရမည်။

(၄)အညိုရောင်အရေးပေါ်အခြေအနေ

မြန်မာ့ကမ်းရိုတန်းဒေသများသို့မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ချိန်အားအညိုရောင်အရေးပေါ်အခြေအနေဟုသတ်

မှတ်သည်။အဆိုပါအခြေအနေတွင်မုန်တိုင်းသတိပေးချက်အားမြန်မာ့အသံမှတစ်နာရီလျှင်(၃)ကြိမ်မှ(၆)ကြိမ်အထိ

မြန်မာ့ရုပ်မြင်သံကြား၊MRTV-4နှင့်မြဝတီရုပ်မြင်သံကြားတို့မှအချိန်နှင့်တစ်ပြေးညီစာတန်းထိုး၍ကြားဖြတ်

အစီအစဉ်ဖြင့်မကြာခဏလွှင့်ထုပ်ပေးရမည်။

(၅)အစိမ်းရောင်အခြေအနေ

မုန်တိုင်းအားပျော့၍မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားချိန်ကိုအစိမ်ရောင်အခြေအနေဟုသတ်မှတ်သည်။မုန်တိုင်း

ဖြတ်ကျော်ဝင်ရောက်ပြီးတစ်နာရီ(၂)ကြိမ်မှ(၃)ကြိမ်ခန့်မကြာခဏထုတ်လွှင့်ပေးရမည်။မြန်မာ့ရုပ်မြင်သံကြား၊

MRTV-4နှင့်မြဝတီရုပ်မြင်သံကြားတို့မှအချိန်နှင့်တစ်ပြေးညီစာတန်းထိုး၍ကြားဖြတ်အစီအစဉ်ထုတ်လွှင့်ပေးရ

မည်။

(၆)၂၄နာရီသတင်းထုပ်ပြန်ခြင်း

မိုးလေဝသအထူးသတင်းထုပ်ပြန်ချက်များကိုအများပြည်သူများသိရှိနိုင်ရန်အတွက်(၂၄)နာရီသတင်းထုပ်ပြန်နိုင်

သည့်အသံလွှင့်ဌာန၊(သို့)အသံလွှင့်Channelတစ်ခုထားရှိရမည်။၎င်းChannalမှ(၂၄)နာရီပါတ်လုံးမိုးလေဝသ

သတင်းအပြင်မိုးလေဝသအထူးသတင်းများကိုလိုအပ်သလိုထုပ်ပြန်ရမည်ဖြစ်ပါသည်။