DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၈-၁-၂၀၂၆ : ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့ တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၇၃၅ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Trincomalee) ၏ အရှေ့တောင်ဘက် ရေမိုင် ၂၅၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ (Puducherry) ၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၄၅၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး နောက် ၃၆ နာရီအတွင်း သီရိလင်္ကာနိုင်ငံအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Monthly Weather Forecast

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ လပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက် ဘင်္ဂလားပင်လယ်အော်အခြေအနေ ၁။      ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက် ၂၈-၁၁-၂၀၂၅ ရက်နေ့ ထုတ်ပြန်ချက် ဘင်္ဂလားပင်လယ်အော်အခြေအနေ ၁။        ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်...
၂၀၂၅ ခုနှစ်၊ နို၀င်ဘာလ လပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်
၂၀၂၅ ခုနှစ်၊ နို၀င်ဘာလ လပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက် ဘင်္ဂလားပင်လယ်အော်အခြေအနေ ၁။      ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂)...
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက် ၂၈-၉-၂၀၂၅ ရက်နေ့ ထုတ်ပြန်ချက် ဘင်္ဂလားပင်လယ်အော်အခြေအနေ ၁။     ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၃) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂)...
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက် ဘင်္ဂလားပင်လယ်အော်အခြေအနေ ၆။      ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁) ကြိမ်တွင် ပိုမို အားကောင်းလာကာ...
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက် ၂၈-၇-၂၀၂၅ ရက်နေ့ ထုတ်ပြန်ချက် ဘင်္ဂလားပင်လယ်အော်အခြေအနေ ၁။     ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်...
၂၀၂၅ ခုနှစ်၊ ဇွန်လ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်
၂၀၂၅ ခုနှစ်၊ ဇွန်လ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက် ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ထုတ်ပြန်ချက် ဘင်္ဂလားပင်လယ်အော်အခြေအနေ ၁။      ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်...
၂၀၂၅ ခုနှစ်၊ မေလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်
၂၀၂၅ ခုနှစ်၊ မေလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက် ဘင်္ဂလားပင်လယ်အော်အခြေအနေ ၁။      အနောက်တောင်မုတ်သုံလေသည် မေလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ လည်းကောင်း၊ မေလ ၂၁...
၂၀၂၅ ခုနှစ်၊ ဧပြီလ လပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်
၂၀၂၅ ခုနှစ်၊ ဧပြီလ လပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်   ဘင်္ဂလားပင်လယ်အော်အခြေအနေ                                ၁။      ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂) ကြိမ်...
၂၀၂၅ ခုနှစ်၊ မတ်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်
၂၀၂၅ ခုနှစ်၊ မတ်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်   ဘင်္ဂလားပင်လယ်အော်အခြေအနေ                                ၁။         ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း...

Pages