DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၈-၁၀-၂၀၂၄:  ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်း နေပါသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ‌ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေ သတင်း (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁  ရက်)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ‌ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေ သတင်း

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ  ၁  ရက်)

 

(က)    အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ လက်ရှိတွင် အားအသင့်အတင့်ရှိသော လာနီညာအခြေအနေတွင် ရှိနေပါသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာ ပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဖေဖော်ဝါရီလအတွင်း အားအနည်းငယ်မှ အသင့် အတင့်ရှိသော လာနီညာအဆင့်တွင် ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

 

(ခ)     လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှလေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာ သွန်းမှုဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။

 

(ဂ)     လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးပို့တင်ပြသွားမည် ဖြစ်ပါသည်။