DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၉-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

 

“၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ‌ဖြစ်ပေါ်နိုင်သည့် လာနီညာအခြေအနေသတင်း”

၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ‌ဖြစ်ပေါ်နိုင်သည့် လာနီညာအခြေအနေသတင်း”

(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်)

(က)   အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာ အခြေအနေတွင် ရှိနေပါသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များခန့်မှန်းချက်အရ မတ်လအတွင်း အားအနည်းငယ်ရှိသော လာနီညာ အခြေအနေမှ ပုံမှန်နှစ်တစ်နှစ်သို့ ပြန်လည်ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ)    လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ အနောက်ဘက်မှ လေပွေလှိုင်းများ တိုက်ခတ် ခြင်းနှင့် မိုးရွာသွန်းမှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။