DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၁၉-၀၃-၂၀၂၄): ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အအေးလှိုင်း (Cold wave)

အအေးလှိုင်း (Cold wave)

ဆောင်းမုတ်သုံအားကောင်းတတ်သည့်ဒီဇင်ဘာလ၊ဇန်နဝါရီလများအတွင်းမြန်မာနိုင်ငံအရှေ့ဘက်

ရှမ်းကုန်းမြင့်ဒေသများ၊မြေလတ်ပိုင်းဒေသများတွင်အအေးလှိုင်းဖြစ်ပေါ်မှုအများဆုံးဖြစ်ပေါ်ကြောင်း

တွေ့ရပါသည်။ဆောင်းမုတ်သုံကာလတွင်းတရုတ်ပြည်ပေါ်မှ လေဖိအားများဒေသ(High Pressure

Region)သည်တဖြည်းဖြည်းအင်အားချဲ့ထွင်လာသည့်အခါ၎င်းလေဖိအားများဒေသမှ လေဖိအားများ

ဘောင်တန်း(Ridge)သည်မြန်မာနိုင်ငံသို့အရှေ့မြောက်ဘက်မှတိုးဝင်လာပြီး၊၎င်းလေဖိအားများ

ဘောင်တန်းထိပ်ဖက်တွင်အအေးပိုခြင်း ဖြစ်ပေါ်လာပါသည်။

ပုံမှန်အပူချိန်အောက်၃ဒီဂရီစင်တီဂရိတ်နှင့်ယင်းအထက်ပို၍လျော့ကျပြီးထိုသို့လျော့ကျမှုသည်နေရာ

အနှံ့အပြားတွင်(၂)ရက်ထက်ပိုသောကာလအထိဖြစ်ပေါ်နေလျှင်အအေးလှိုင်းဖြတ်သည်ဟုသတ်မှတ်

ပါသည်။