DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၇-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ပိုမိုအားကောင်းလာကာ၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

မိုးခေါင်ခြင်း (Drought)

မိုးခေါင်ခြင်း (Drought)

ပြည်နယ်နှင့်တိုင်း(သို့မဟုတ်)မြို့နယ်တစ်ခုခုအားမိုးခေါင်ခြင်းဖြစ်စဉ်ကိုအောက်ပါအတိုင်းသတ်မှတ်

ပါသည် -

(က) နှစ်ပေါင်း(၃၀)ပျမ်းမျှမိုးရေချိန်ပမာဏထက်(၂၀)ရာခိုင်နှုန်းမိုးလျော့နည်းမှုသည်(၇)ရက်ထက်

ပိုပါကမိုးခေါင်ခြင်းဟုသတ်မှတ်ပါသည်။အဆိုပါမိုးခေါင်ခြင်းသည်သာမန်မိုးခေါင်ခြင်း(Minor

Drought)ဟုသတ်မှတ်ပါသည်။

(ခ) နှစ်ပေါင်း(၃၀)ပျှမ်းမျှမိုးရေချိန်ပမာဏထက်(၅၀)ရာခိုင်နှုန်းနှင့်အထက်လျော့နည်းမှု(၁၅)ရက်ထက်

ပိုပါကအဓိကမိုးခေါင်ခြင်း(Major Drought)ဟုသတ်မှတ်ပါသည်။