DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၄-၇-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းရိုးတန်းတို့၌‌ လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့် အတင့်မှ အားကောင်းနေပါသည်။

 

မိုးသည်းထန်စွာရွာသွန်ခြင်း (Heavy Rain)

မိုးသည်းထန်စွာရွာသွန်ခြင်း (Heavy Rain)

မုတ်သုံကာလအတွင်းမုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းသောအခြေအနေ၊

မုန်တိုင်းများမြန်မာ့ကမ်းရိုးတန်းနှင့်ဘင်္ဂလားဒေ့ရှ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်သော

အခြေအနေများတွင်မြန်မာနိုင်ငံအရပ်ရပ်၌မိုးသည်းထန်စွာရွာသွန်းပါသည်။

မြေမျက်နှာသွင်ပြင်အနေအထားရမိုးရွာသွန်းမှုပုံသဏ္ဍာန်အနေအထား (Rainfall Pattern)

ကွဲပြားမှုအပေါ်အခြေတည်လျက်မိုးသည်းထန်ခြင်းကိုအောက်ပါအတိုင်းခွဲခြားသတ်မှတ်ထား

ပါသည် -
(က)၂၄နာရီအတွင်း မိုးရေချိန်(၁.၅၀)လက်မ နှင့်အထက်ရွာသွန်းခြင်း၊

(အလယ်ပိုင်းဒေသများဖြစ်သည့်စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး)

(ခ)၂၄နာရီအတွင်း မိုးရေချိန်(၃.၀၀)လက်မ နှင့်အထက်ရွာသွန်းခြင်း

(အလယ်ပိုင်းဒေသမှအပကျန်ဒေသများ)