DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၄-၅-၂၀၂၆- ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မိုးသည်းထန်စွာရွာသွန်ခြင်း (Heavy Rain)

မိုးသည်းထန်စွာရွာသွန်ခြင်း (Heavy Rain)

မုတ်သုံကာလအတွင်း မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းသောအခြေအနေ၊ မုန်တိုင်းများ မြန်မာ့ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သော အခြေအနေများတွင် မြန်မာနိုင်ငံအရပ်ရပ်၌ မိုးသည်းထန်စွာ ရွာသွန်းပါသည်။

မြေမျက်နှာသွင်ပြင်အနေအထားရမိုးရွာသွန်းမှုပုံသဏ္ဍာန်အနေအထား (Rainfall Pattern) ကွဲပြားမှုအပေါ် အခြေတည်လျက် မိုးသည်းထန်ခြင်းကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားပါသည် -

(က)     ၂၄ နာရီအတွင်း မိုးရေချိန် ၁.၅၀ လက်မ နှင့်အထက်ရွာသွန်းခြင်း (အလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး)

(ခ)       ၂၄နာရီအတွင်း မိုးရေချိန် ၃.၀၀ လက်မ နှင့်အထက်ရွာသွန်းခြင်း (အလယ်ပိုင်းဒေသမှအပ ကျန်ဒေသများ)