DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၇-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ပိုမိုအားကောင်းလာကာ၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

အပူလှိုင်း (Heat wave)

အပူလှိုင်း (Heat wave)

မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရပ်ဝန်းဒေသတွင်ဧပြီ၊မေလများ၌အဖြစ်များပါသည်။တစ်ခါတစ်ရံ

အိန္ဒိယနိုင်ငံတွင်ဖြစ်ပေါ်တတ်လေ့ရှိသည့်ကာလကြာရှည်သည့်အပူလှိုင်း၏သက်ရောက်မှုကြောင့်

လည်းမြန်မာနိုင်ငံအနောက်ပိုင်းဒေသများတွင်ဖြစ်ပေါ်တတ်လေ့ရှိပါသည်။အထူးသဖြင့်ရာသီဥတု

ဖောက်ပြန်တတ်သည့်အားကောင်းသောအယ်နီညိုနှစ်များ၊အင်ဆိုနှစ်များတွင်ပို၍အဖြစ်များတတ်ကာ

၁၉၉၈ခုနှစ်မေလအတွင်းဖြစ်ပေါ်ခဲ့သောအပူချိန်စံချိန်တင်မြင့်တက်ခဲ့မှုများသည်မြန်မာနိုင်ငံအလယ်

ပိုင်းဒေသများမြေလတ်ပိုင်းဒေသများနှင့်မြစ်ဝကျွန်းပေါ်ဒေသများတွင်အပူချိန်မြင့်တက်မှုများဖြစ်ပေါ်ခဲ့

ပါသည်။အပူလှိုင်းများ၏သက်ရောက်မှုကြောင့်ကျန်းမာရေးကဏ္ဍ၊ရေသယံဇာတစီမံခန့်ခွဲမှုကဏ္ဍ၊

စိုက်ပျိုးရေးနှင့်သီးနှံထုတ်လုပ်မှုကဏ္ဍများတွင်ထိခိုက်မှုရှိနိုင်၍အများပြည်သူအားကြိုတင်ကာကွယ်ရန်

နည်းလမ်းများ၊သတင်းသတိပေးချက်များ၊အသိပညာပေးခြင်းများဆောင်ရွက်ရမည်ဖြစ်ပြီး၊သက်ဆိုင်ရာ

အဖွဲ့အစည်းများမှလည်းရာသီဥတုခန့်မှန်းချက်များကိုအသုံးချ၍ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းများပြုလုပ်

သင့်ပါသည်။