DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၄-၅-၂၀၂၆- ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

အပူလှိုင်း (Heat wave)

အပူလှိုင်း

မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် ဧပြီလနှင့် မေလများ၌ အဖြစ်များပါသည်။ တစ်ခါတစ်ရံ အိန္ဒိယ နိုင်ငံတွင် ဖြစ်ပေါ်တတ်လေ့ရှိသည့် ကာလကြာရှည်သည့် အပူလှိုင်း၏ သက်ရောက်မှုကြောင့်လည်း မြန်မာနိုင်ငံ အနောက်ပိုင်းဒေသများတွင် ဖြစ်ပေါ်တတ်လေ့ရှိပါသည်။ အထူးသဖြင့် ရာသီဥတုဖောက်ပြန်တတ်သည့် အားကောင်း သော အယ်လ်နီညိုနှစ်များနှင့် အင်ဆိုနှစ်များတွင် ပို၍အဖြစ်များတတ်ကာ ၁၉၉၈ ခုနှစ်၊ မေလအတွင်း ဖြစ်ပေါ်ခဲ့သော အပူချိန်စံချိန်တင် မြင့်တက်ခဲ့မှုများသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မြေလတ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် အပူချိန်မြင့်တက်မှုများဖြစ်ပေါ်ခဲ့ပါသည်။ အပူလှိုင်းများ၏ သက်ရောက်မှုကြောင့် ကျန်းမာရေးကဏ္ဍ၊ ရေသယံဇာတ စီမံခန့်ခွဲမှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် သီးနှံထုတ်လုပ်မှုကဏ္ဍများတွင် ထိခိုက်မှုရှိနိုင်၍ အများပြည်သူအား ကြိုတင်ကာကွယ်ရန် နည်းလမ်းများ၊ သတင်းသတိပေးချက်များ၊ အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ရာသီဥတုခန့်မှန်းချက်များကို အသုံးချ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းများ ပြုလုပ်သင့်ပါသည်။