DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၀-၃-၂၀၂၆:ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

သမိုင်းအကျဉ်း

မြန်မာနိုင်ငံမိုးလေဝသဌာနကို ၁၉၃၇ ခုနှစ်၊ ဧပြီလ(၁)ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ အပြည်ပြည်ဆိုင်ရာ မိုးလေဝသအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ "မြန်မာနိုင်ငံ မိုးလေဝသဌာန"ကို ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် "မိုးလေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန"အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။  ထိုစဉ်က မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာနသည် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ရှိခဲ့သည်။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အုပ်ချုပ်မှုအောက်သို့ရောက်ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန အုပ်ချုပ်မှုအောက်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့အား စုစည်းပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် စုဖွဲ့ရာတွင် ဆက်လက်ပါဝင်ခဲ့သည်။