မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
(ခ) ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း ခရီးသွားလာမှု လုံခြုံချောမွေ့စေရေး
(ဂ) နိုင်ငံတော်၏စားနပ်ရိက္ခာ ထုတ်လုပ်မှု ပိုမိုတိုးတက်စေရန် အထောက်အကူပြုရေး
(ဃ) နိုင်ငံတော်၏ အထူးစီမံကိန်းနှင့် လုပ်ငန်းကြီးများအတွက် အထိရောက်ဆုံး အထောက်အကူပြုရေး
(င) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတပစ္စည်းများ ကာလကြာရှည်စွာ ထုတ်ယူ အသုံးပြုရေး
(စ) ဌာန၏လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် သုတေသန၊ ပညာပေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေး
၇-၉-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မြောက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး၊ ၈-၉-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။