9-5-2026 Weather is partly cloudy to cloudy over the Andaman Sea and Bay of Bengal.

Upper Myanmar

အထက်မြန်မာပြည်ဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ

၁။ မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အထက်မြန်မာပြည်ဌာနခွဲသည် ဖွဲ့စည်း ပုံအရ ညွှန်ကြားရေးမှူးးမှ စီမံအုပ်ချုပ်ပြီး ဌာနခွဲလက်အောက်ခံ ပြည်နယ်နှင့် တိုင်းများမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

(က) ကချင်ပြည်နယ်

(ခ) ချင်းပြည်နယ်

(ဂ) ရှမ်းပြည်နယ်

(ဃ) မန္တလေးတိုင်း

(င) စစ်ကိုင်းတိုင်း

၂။ ဖော်ပြပါ ပြည်နယ်တိုင်းအသီးသီးရှိ ရုံး/စခန်းများအားလုံး၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းတာရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ပေးခြင်း၊ ရုံးချုပ်သို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရပါ သည်။ ဌာနခွဲလက်အောက်တွင် စီမံရေးရာ၊ ဘတ်ဂျက်နှင့်ငွေစာရင်း၊ မိုးလေဝသ၊ ဇလဗေဒ၊ စီမံကိန်း၊ မြေငလျင်စသည့် ဌာနစုများကို ဖွဲ့စည်းထားရှိလျက် လုပ်ငန်းများကို ဆောင်ရွက်ကြ ပါသည်။