8-4-2026 Weather is a few cloud to partly cloudy over the Andaman Sea and over the Bay of Bengal.

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၁:၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၀၉)မိနစ်၊ (၁၃) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့ဘက် (၃၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် (၂၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၁၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၁)ဒီဂရီ၊ အနက် (၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၅.၄)အဆင့်ရှိ အင်အားသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။