19-10-2025: Weather is a few cloud over the Northeast and Eastcentral Bay and partly cloudy to cloudy over the Andaman Sea and elsewhere over the Bay of Bengal.

 

Myanmar Daily Weather Report

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့ ည (၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ယနေ့မြန်မာစံတော်ချိန်(၁၇:၃၀)နာရီအချိန်တိုင်းထွာချက်များအရ

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောအိန္ဒိယနိုင်ငံ၊

သြရိဿကမ်းခြေတို့တွင်လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။နေပြည်တော်နှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး၊

ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်း ဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး

၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍

မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မန်မာ့ပင်လယ်ပြင်။ ြမန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်

ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်

တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်း တစ်လျှောက်တွင်

(၉)ပေမှ (၁၂) ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်ထစ်ချုန်းမည့်

အခြေအနေများ ဖြစ်ပေါ် နိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။