14-11-2025::Weather is generally fair over the North Bay, a few cloud over the Central Bay and partly cloudy to cloudy over the Andaman Sea and elsewhere over the Bay of Bengal.

ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်

https://www.moezala.gov.mm/earthquake-disaster%20ဆူနာမီဆိုသည်မှာကမ်းခြေကိုရိုက်ခတ်သည့် ကြီးမားသောရေလှိုင်းကြီးများဟု အဓိပ္ပါယ်ရပါသည်။

ဆူနာမီရေလှိုင်းသဘာဝ

ပထမဆုံးရောက်ရှိလာသော ရေလှိုင်းသည် အကြီးဆုံးလှိုင်း ဖြစ်လေ့မရှိပါ။ စတုတ္ထမြောက်ရေလှိုင်းသည် အကြီးဆုံးလှိုင်း ဖြစ်ပါသည်။ ကုန်းတွင်းရေဖုံးလွှမ်းမှုသည် ကမ်းခြေမှ မီတာ (၁၀၀၀) ခန့် အကွှာအဝေးအထိ ရှိနိုင်သည်။

ဆူနာမီလှိုင်းရွေ့လျားမှု

ဆူနာမီရေလှိုင်းများသည် အဓိကအားဖြင့် ဦးတည်ရာဘက် (၂)ဘက် ဖြင့် ရွေ့လျားကြရာ ပထမဦးတည်ရာဘက်မှာ အနီးဆုံး ကမ်းခြေသို့ ဦးတည်ရွေ့လျားပြီး၊ ကျန်ဦးတည်ရာဘက်မှာ ယင်းနှင့် ဆန့်ကျင်သော ပင်လယ်ပြင် အပွင့်ဘက်သို့ ဦးတည်ရွေ့လျားခြင်း ဖြစ်သည်။

ဆူနာမီရေလှိုင်းတို့သည် ရှည်လျားသော မြေငလျင်ကြောကို ထောင့်မှန်ကျစွှာ အဓိကအားဖြင့် ဦးတည်ရာဘက် နှစ်ခုတို့ဖြင့် ရွေ့လျားခြင်းဖြစ်သည်။

ဆူနာမီဘေးအန္တရာယ်မှ လွတ်ကင်းအောင် လိုက်နာမှတ်သားထားရမည့် ဆောင်ပုဒ်

"လှုပ် ကျ အော် ေြ‌ပး ဆူနာမီရန်ေ‌ဝး"

(၁) ကမ်းစပ်အနီးရှိစဉ် မြေငလျင် လှုပ် သည်ကို  သတိပြုမိသောအခါ

(၂) ကမ်းခြေရှိ ပင်လယ်ရေများ   နောက်သို့ဆုတ်  ကျ သွားသည်ကို သတိပြုမိသောအခါ

(၃) ပင်လယ်ဘက်မှ လှိုင်းလုံးကြီများရိုက်ခတ် အော် သံကို သတိပြုမိသောအခါ

(၄)  ကုန်းတွင်းအမြင့်ပိုင်းကို  အမြန်ဆုံး ပြေး ကြ