နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက
ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊စစ်ကိုင်းတိုင်းဒေသကြီးေ
အာက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်နေရာကွက်ကျား၊နေပြည်တော်၊
မကွေးတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်း
တိုင်းဒေသကြီး အထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်း
ဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ကာ၊မွန်ပြည်နယ်တွင်ဒေသအလိုက်နှင့်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေ
သကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာ
ဟိုင်းကြီးကျွန်းမြို့တွင်(၈.၅၁)လက်မ၊သထုံမြို့တွင် (၅.၇၉)လက်မ၊ရေးမြို့တွင်(၅.၇၁)လက်မ၊ပေါင်မြို့တွင်
(၅.၁၂)လက်မ၊ကိုကိုးကျွန်းမြို့တွင်(၄.၆၁)လက်မ၊ပူတာအိုမြို့တွင်(၃.၇၄)လက်မ၊ခန္တီးမြို့တွင်(၃.၅၁)လက်မ၊
ရန်ကုန်(ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်)တွင်(၂.၂၈)လက်မမြိတ်မြို့တွင်(၂.၂၀)လက်မ၊မင်းဘူးမြို့တွင်
(၂.၀၉)လက်မနှင့်ချောင်းဆုံမြို့နှင့်ကျိုက်မရောမြို့တို့တွင်(၂.၀၅)လက်မစီနှင့်ဘားအံမြို့တွင်(၂.၀၁)လက်မ
တို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်
မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေ
အားအသင့်အတင့်ရှိနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်
နေရာကွက်ကျား၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊နေပြည်တော်၊
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်
ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊တနင်္သာရီတိုင်းဒေသကြီး၊
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဒေသအလိုက်မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်
ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်
ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်မှမိုင်(၄၀)အထိတိုက်ခတ် နိုင်ပါသည်။ကျန်မြန်မာ့ပင်
လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊မွန်- တနင်္သာရီ
ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၈)ပေမှ(၁၂)ပေခန့်၊ရခိုင်ကမ်းရိုးတန်း
တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၄)ပေမှ(၇)ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေအားအသင့်အတင့်ရှိမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
လာမည့် စနေ၊ တနင်္ဂနွေ အားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်တွင်နေရာစိပ်စိပ်၊
ရန်ကုန်တိုင်းဒေသကြီးတွင်နေရာအနှံ့အပြားနှင့်မန္တလေးတိုင်းဒေသကြီးတွင်နေရာကျဲကျဲမိုးထစ်ချုန်းရွာမည်။

