DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၈-၈-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ချက်တစ်ဂတ်ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ချက်တစ်ဂတ်ပြည်နယ်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

 

၂၀၁၇ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၇ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေဝသခန့်မှန်းချက်
========================================
၂၀၁၇ ခုနှစ်၊ မိုးလယ်ကာလ သတ်မှတ်ခြင်း
==========================

၂၀၁၇ ခုနှစ်၊ မိုးလယ်ကာလသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့

(မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါဆိုလဆန်း (၈)ရက်မှ တော်သလင်းလဆန်း (၁၀)ရက်နေ့)

အထိ ဖြစ်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ
=========================

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ် တွင်

ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်

ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။

မိုးလယ်ကာလ တွင် မုတ်သုံလေ အားပြတ်ခြင်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။

မိုးအခြေအနေ
==========

တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲ ထက်ကျော်လွန်နိုင်ပြီး၊

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ

ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊

ချင်း ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်

မိုးထစ် ချုန်းရွာနိုင်ပါသည်။